Categories: Blog

မောင်တော လသာရွာသား ၁ ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ပြတ်ထွက်

AR Media- မတ်လ ၁၅ ရက်၊ ၂၀၂၅။

အရ်ကာန်ဒေသ ၊ မောင်တောမြို့ ၊ လသာရပ်ကွက်အပိုင် လသာရွာမှ အမျိုးသား ၁ ဦးဟာ လသာ-ရွှေဇားကြားရှိ ချောင်းတွင် ငါးဖမ်းနေစဥ် စစ်လက်ကျန်မိုင်းနင်းမိလို့ ခြေတစ်ဘက် ပြတ်ထွက်သွားခဲ့ကြောင်း သိရှိရပါတယ်။

မကြာသေးခင်က နေရပ်ပြန်ခွင့်ရတဲ့ ထဲက လသာရွာသားတချို့က စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့အတွက် လသာရွာနဲ့ ရွှေဇား ကျေးရွာကြားရှိ ချောင်းတွင် ငါးရှာပြီး အသက်မွေးဝမ်းနေကြတယ်၊၊
ယမန်နေ့ မတ်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင်
လသာရွာသားတချို့ဟာ ၎င်းချောင်းတွင် ငါးရှာနေစဥ် အမျိုးသား တစ်ဦးက စစ်လက်ကျန်မိုင်းနင်းမိလို့ ဘယ်ဖက်ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးက AR Media ကို ပြောပါတယ်။

ဒဏ်ရာရခဲ့သူဟာ မောင်တောမြို့၊ လသာရွာက မာမတ်တူဆောင်းရဲ့ သား အသက် ၄၄ နှစ်အရွယ် အဒူဟာလဲခ် ဖြစ်ကြောင်း သိရပါတယ်။

AR Media Daily News

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago