AR Media Group ဧပြီလ ၅ ရက်၊ ၂၀၂၅။
အာရ်ကာန်ဒေသ၊ မောင်တောမြောက်ပိုင်းက ငခူရနဲ့ ခြံပြင်ကျေးရွာတို့က ရခိုင်လူစုလူအုပ်စုကြီးက တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ပြီး လူပျောက်နေတာကို အကြောင်းပြကာ ရိုဟင်ဂျာတွေ နေထိုင်ကြတဲ့ ဦးရှည်ကျ၊ ပွင့်ဖြူချောင်းနဲ့ ကျားခေါင်းတောင်ကျေးရွာတွေအတွင်း လှည့်လည်ကာ ဆဲဆိုခြိမ်းခြောက်ပြီး လူပျောက်ရှာနေတယ်လို့ ပြောပါတယ်။
ဧပြီလ ၂ ရက်နေ့ညကတည်းက ခြံပြင်ကျေးရွာသားတစ်ဦးကို အာဆာအဖွဲ့က ဦးရှည်ကျကျေးရွာအနီးမှာ ဖမ်းဆီးထားတယ်လို့ မဟုပ်မမှန် ဝါဒဖြန့်သတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာ ရခိုင်သတင်းဌာနက သွေးတိုးနှိုးဆော်ခဲ့ပြီးနောက် ဦးရှည်ကျ၊ ပွင့်ဖြူချောင်းနဲ့ ကျားခေါင်းတောင် ရိုဟင်ဂျာကျေးရွာတွေအတွင်း ဒေါသထွက်နေတဲ့ ရခိုင်လူစုလူအုပ်ကြီးက တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ကာ အော်ဟစ်ဆဲဆိုသံ၊ ကုလားတွေကို သတ်ဖြတ်ရမယ့် လို့ ကြွေးကြော်သံတွေ၊ အမျိုးမျိုး ခြိမ်းခြောက်သံတွေနဲ့ လူပျောက်ရှာထွက်လာနေကြတယ်။
အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေက တုတ်ဓားလက်နက်ကိုင်ဆောင်ထားတဲ့ ရခိုင်အုပ်စုကြီးကို တားဆီးတာမျိုး မရှိဘူး။ လူမျိုးရေးပဠိပက္ခ ဖြစ်လာမှာကို ရိုဟင်ဂျာအသိုင်းအဝိုင်းက အကြောက်တရားအောက်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံရိုဟင်ဂျာ တစ်ဦးက AR Media ကို ပြောပါတယ်။
ထို့အပြင် မောင်တောမြို့နယ်မြောက်ပိုင်းက ဦးချည့်ကျကျေးရွာတွင် နေထိုင်ကြတဲ့ ရိုဟင်ဂျာပြည်သူတွေအား မနက်ဖြန် ဧပြီလ ၅ ရက်နေ့၊ နောက်ဆုံးထား၍ ရွာကနေ စွန့်ခွာထွက်ပြေးဖို့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA/ULA က ယနေ့ နှုတ်မိန့်ထုတ်ပြန်ခဲ့တယ်လို့ ဦးချည့်ကျရွားသားတစ်ဦးက ပြောတယ်။
မောင်တောမြောက်ပိုင်းအစွန်းပိုင်းတွင် အကြမ်းဖက်ရခိုင်လက်နက်ကိုင် အေအေနဲ့ အာဆာတွေကြား တိုက်ပွဲဖြစ်နေတယ်လို့ သတင်းရင်းမြစ်အရ သိရှိရပါတယ်။ လာမယ့်အပတ်လောက်တွင် မောင်တောမြောက်ပိုင်းတစ်ခုလုံးအား ကြီးမားတဲ့ စစ်ဆင်ရေးတစ်ခု ပြုလုပ်ဖို့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…