မောင်တော မောင်နီရွာမှ စစ်ဘေးရှောင် ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကို AA ပြိုဖျက်ပြီး သစ်သားသစ်တုံးတွေကို ဘင်္ဂလားဖက်သို့ တင်ပို့နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မောင်နီရပ်ကွက်အပိုင် အနောက်ရွာရှိ စစ်ဘေးရှောင် ရိုဟင်ဂျာတွေရဲ့ နှစ်ထပ်ပျဥ်ထောင်အိမ်ကြီးတွေအား ရခိုင်လက်နက်ကိုင် AA က ပြိုဖျက်သိမ်းပြီး သစ်သားသစ်တုံးတွေကို ကိုယ်ပိုင်ပစ္စည်းတွေကဲ့သို့ ဘင်္ဂလားဒေ့ချ်နိုင်ငံဖက်သို့ တင်ပို့ရောင်းချ နေတယ်လို့ မြို့ခံတွေက MDN ကို ဆိုကြပါတယ်။
အဆိုပါ ရွာမှ ဒေသခံရိုဟင်ဂျာ အများစုကတော့ စစ်ဘေးရှောင်အဖြစ် ပြည်မဖက်နဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံဖက်သို့ ရောက်ရှိနေလို့ လစ်လပ်နေတဲ့ တိုက်အိမ်၊ နှစ်ထပ်ပျဥ်းထောင်အိမ်ကြီးတွေကို AA တပ်ဖွဲ့ဝင်တွေက တီဘားကားဖြင့် အကျဥ်းသားတွေနဲ့အတူ ရောက်ရှိလာပြီး ပြိုဖျက်ပြီး ယူဆောင်သွားနေတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကပင် AA တပ်ဖွဲ့ဝင်တွေက မောင်နီရွာကို ရောက်လာပြီး စစ်ဘေးရှောင် ရိုဟင်ဂျာတွေပိုင် ပျဥ်းထောင်အိမ်တွေကို ပြိုဖျက်တယ်။ အကျဥ်းသားတချို့ကိုလည်း ခေါ်ယူလာပြီး ပြိုဖျက်ကာ သစ်တုံးတွေ၊ပျဥ်းပြားတွေ၊ ပျဥ်းပြားရှည်တွေ၊ တံခါးပြတင်းပေါက်တွေ အကုန် တီဗာကားတွေပေါ် တင်ပြီး ယူသွားနေတာပါ။ ဆွေမျိုးတွေက မြင်နေရလို့ စိတ်ထဲကနေ တစ်ခုခု ပြောချင်ခဲ့ပေမယ့် ဘာတစ်ခုမှ ထူးလာမှာ မဟုတ်တာကို ကြိုသိ၍ သည်းခံပြီးနေရန်မှအပ ဘာတစ်ခုမှ မရှိဘူးလို့ မျက်မြင်သူတစ်ဦးက MDN ကို စိတ်နာနာနဲ့ ပြောကြားခဲ့တယ်။
မောင်တောမြို့တဦးက ” ဒီသုံးရက်အတွင်း မောင်နီရွာမှ နေအိမ် ၃ လုံး AA ပြိုဖျက်ယူသွားပြီး။ တီဗာကားဖြင့် ယူသွားနေတာပါ။ ဓားပြလိုလို ပြိုဖျက်ယူသွားတဲ့ သစ်သားသစ်တုံးတွေကို ဘင်္ဂလားဖက်သို့ တင်ပို့ရောင်းချနေတာပါ။ မောင်တောကညင်ချောင်းစီးပွားရေးဇုံကနေ တက္ကနဖ်ဆိပ်ကမ်းသို့ ပို့နေတာပါ” လို့ ဆိုကြပါတယ်။
မောင်နီရွာမှ ပြိုဖျက်ပျက်စီးလိုက်တဲ့ နေအိမ်တွေမှာ လုခ်မာလ်ဟာကိမ် ရဲ့ သား အာလောမ်၊ ဒေါ် လိုင်လားဘေဂေါမ် နဲ့ ရော်ရှိအာမောတ် တို့ရဲ့ ပျဥ်းထောင်အိမ်ကြီးတွေအား AA က ပြိုဖျက်ပျက်စီးယူသွားနေပြီ ဖြစ်ကြောင်း MDN သတင်းအဖွဲ့က စုံစမ်းသိရှိရပါတယ်။