AR Media- မတ်လ ၁၁ ရက်၊ ၂၀၂၅။
အိစ္စလာမ်ဘာသာဝင်တွေအတွက် လထူးလမြတ် ရာမဇန်လအတွင်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့မှစတင်ပြီး အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ် မြောက်ပိုင်းက ကြိမ်းချောင်းနယ်မြေ တွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က လူ့အသိုင်းအဝန်းအတွင်း နယ်မြေအလိုက် အသင်းတွေဖွဲ့စည်းပြီး ဘောလုံးပြိုင်ပွဲ ကျင်းပနေစဥ် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက် နေကြောင်း ဒေသခံတွေက ဆိုကြပါတယ်။
“အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA က မတူညီတဲ့ လူ့အသိုင်းအဝန်းအတွင်း နယ်မြေအလိုက် အသင်းဖွဲ့ပြီး ဘောလုံးပြိုင်ပွဲကျင်းပကြတာ တွေ့ရပါတယ်။ အသင်းက ၃၁ သင်း ဖွဲ့တယ်။ အမျိုးသားအသင်း ၂၅ သင်း နဲ့ အမျိုးသမီးအသင်း
၆ သင်းဖွဲ့ပြီး ကျင်ပနေတာပါ။ဘောလုံးပွဲကျင်းပတာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကွဲပြားမှုကို ထင်ဟပ်စေပြီး မတူညီမှုတွေကြား နားလည်မှုနဲ့ စည်းလုံးမှုကို မြှင့်တင်စေပေမယ့် ဒီလ ရာမဇာန်လဟာ အိစ္စလာမ်ဘာသာဝင်တွေရဲ့ လထူးလမြတ် ဖြစ်တဲ့အတွက် မဖြစ်မနေ ရူဇာ(ဥပုသ်)စောင့်နေရတယ်၊ တစ်နေ့မှာ မဖြစ်မနေ နာမာဇ် ၅ ကြိမ် ဝတ်ပြုနေရတယ်။ ဘောလုံးပွဲ ညနေ ၃ နာရီမှ ညနေ ၅ နာရီထိ ကျင်ပနေတဲ့အချိန်အတွင်း ညနေ ၄ နာရီ ၂၀ မိနစ်မှာ ဝတ်ပြုချိန် ဖြစ်ရင်လည်း ဝတ်ပြုခွင့် မပေးပါဘူး။ ဘောလုံးပွဲ ပျက်မယ့်ဆိုကာ ဝတ်ပြုခွင့် မပေးတာပါ။ အိစ္စလာမ်ဘာသာဝင်တွေ အချိန်မှန် ဝတ်ပြုလို့ မရရင် ငရဲ( ဂိုနာဟ်) ကျတယ်။ နောက်တစ်ခုကတော့ ရူဇာ( ဥပုသ်) စောင့်လို့ မရပါဘူး။ အိစ္စလာမ်ဘာသာရေးက ဥပုစောင့်ချိန်မှာ ဘာတစ်ခုမှ စားသောက်ခွင့် တားမြစ်ထားတယ်။ နေထွက်ချိန်မှ နေဝင်ချိန်ထိ ဘာမှ စားသောက်လို့ မရပါဘူး။ ဘောလုံး ကစားရင် ရေဆာတယ်၊ ပင်ပန်းတယ်။ ဥပုသ်စောင့်လို့ မရပါဘူး။ ဥပုသ်စောင့်စောင့်၊ မစောင့်စောင့် မဖြစ်မနေ ဘောလုံးကစားဖို့ မဖြစ်မနေ သွားရပါတယ်။ မသွားလို့ မရပါဘူး” လို့
ကျောက်လှေကားကျေးရွာက ဘောလုံးသမားတွေနဲ့ နီးစပ်သူတစ်ဦးက
AR Media ကို ပြောပါတယ်။
အခုလို အိစ္စလာမ်ဘာသာဝင်တွေအတွက် လထူးလမြတ် ဖြစ်တဲ့ ရမဇန်လတွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA က ဘောလုံးပြိုင်ပွဲ ကျင်းပပေးပြီး အိစ္စလာမ်ဘာသာဝင်ဘောလုံးသမားတွေက မဖြစ်မနေလုပ်ဆောင်ရတဲ့တာဝန်ဝတ္ထရားတွေကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တာဝန်ရှိသူတွေက တားမြစ်ခြင်းဟာ အိစ္စလာမ်ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်နေတယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…