Categories: Blog

မောင်တော ဘောလုံးပြိုင်ပွဲကျင်းပနေစဥ် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်နေကြောင်း ဒေသခံတွေက ဆို

AR Media- မတ်လ ၁၁ ရက်၊ ၂၀၂၅။

အိစ္စလာမ်ဘာသာဝင်တွေအတွက် လထူးလမြတ် ရာမဇန်လအတွင်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့မှစတင်ပြီး အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ် မြောက်ပိုင်းက ကြိမ်းချောင်းနယ်မြေ တွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က လူ့အသိုင်းအဝန်းအတွင်း နယ်မြေအလိုက် အသင်းတွေဖွဲ့စည်းပြီး ဘောလုံးပြိုင်ပွဲ ကျင်းပနေစဥ် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက် နေကြောင်း ဒေသခံတွေက ဆိုကြပါတယ်။

“အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA က မတူညီတဲ့ လူ့အသိုင်းအဝန်းအတွင်း နယ်မြေအလိုက် အသင်းဖွဲ့ပြီး ဘောလုံးပြိုင်ပွဲကျင်းပကြတာ တွေ့ရပါတယ်။ အသင်းက ၃၁ သင်း ဖွဲ့တယ်။ အမျိုးသားအသင်း ၂၅ သင်း နဲ့ အမျိုးသမီးအသင်း
၆ သင်းဖွဲ့ပြီး ကျင်ပနေတာပါ။ဘောလုံးပွဲကျင်းပတာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကွဲပြားမှုကို ထင်ဟပ်စေပြီး မတူညီမှုတွေကြား နားလည်မှုနဲ့ စည်းလုံးမှုကို မြှင့်တင်စေပေမယ့် ဒီလ ရာမဇာန်လဟာ အိစ္စလာမ်ဘာသာဝင်တွေရဲ့ လထူးလမြတ် ဖြစ်တဲ့အတွက် မဖြစ်မနေ ရူဇာ(ဥပုသ်)စောင့်နေရတယ်၊ တစ်နေ့မှာ မဖြစ်မနေ နာမာဇ် ၅ ကြိမ် ဝတ်ပြုနေရတယ်။ ဘောလုံးပွဲ ညနေ ၃ နာရီမှ ညနေ ၅ နာရီထိ ကျင်ပနေတဲ့အချိန်အတွင်း ညနေ ၄ နာရီ ၂၀ မိနစ်မှာ ဝတ်ပြုချိန် ဖြစ်ရင်လည်း ဝတ်ပြုခွင့် မပေးပါဘူး။ ဘောလုံးပွဲ ပျက်မယ့်ဆိုကာ ဝတ်ပြုခွင့် မပေးတာပါ။ အိစ္စလာမ်ဘာသာဝင်တွေ အချိန်မှန် ဝတ်ပြုလို့ မရရင် ငရဲ( ဂိုနာဟ်) ကျတယ်။ နောက်တစ်ခုကတော့ ရူဇာ( ဥပုသ်) စောင့်လို့ မရပါဘူး။ အိစ္စလာမ်ဘာသာရေးက ဥပုစောင့်ချိန်မှာ ဘာတစ်ခုမှ စားသောက်ခွင့် တားမြစ်ထားတယ်။ နေထွက်ချိန်မှ နေဝင်ချိန်ထိ ဘာမှ စားသောက်လို့ မရပါဘူး။ ဘောလုံး ကစားရင် ရေဆာတယ်၊ ပင်ပန်းတယ်။ ဥပုသ်စောင့်လို့ မရပါဘူး။ ဥပုသ်စောင့်စောင့်၊ မစောင့်စောင့် မဖြစ်မနေ ဘောလုံးကစားဖို့ မဖြစ်မနေ သွားရပါတယ်။ မသွားလို့ မရပါဘူး” လို့
ကျောက်လှေကားကျေးရွာက ဘောလုံးသမားတွေနဲ့ နီးစပ်သူတစ်ဦးက
AR Media ကို ပြောပါတယ်။

အခုလို အိစ္စလာမ်ဘာသာဝင်တွေအတွက် လထူးလမြတ် ဖြစ်တဲ့ ရမဇန်လတွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA က ဘောလုံးပြိုင်ပွဲ ကျင်းပပေးပြီး အိစ္စလာမ်ဘာသာဝင်ဘောလုံးသမားတွေက မဖြစ်မနေလုပ်ဆောင်ရတဲ့တာဝန်ဝတ္ထရားတွေကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တာဝန်ရှိသူတွေက တားမြစ်ခြင်းဟာ အိစ္စလာမ်ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်နေတယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

AR Media DailyNews

Editor

Recent Posts

စခန်း 20 တွင် လူများစုဝေးရာ ရိုဟင်ဂျာ လေးဦး သေဆုံးခဲ့သည်။

AR MEDIA GROUP မတ်လ ၁၄ ရက် ၊ ၂၀၂၅ ရိုဟင်ဂျာဒုက္ခသည်စခန်း 20 တွင် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ လူ ခုနစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။…

48 minutes ago

ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ကို BROUK တောင်းဆို

AR Media Group မတ်လ ၁၃ ရက် ၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို ရိုဟင်ဂျာအရေးနဲ့…

19 hours ago

နယ်စပ်ခြံစည်းရိုးနားတွင် စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ရိုဟင်ဂျာ ၁ ဦးခြေထောက်တစ်ဖက် ပြတ်ထွက်သွား

AR Media News - မတ်လ ၁၃ ရက်၊ ၂၀၂၅ ။ အာရ်ကာန်ဒေသ ၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာရဲ့ အနောက်ဖက်ရှိ နယ်စပ်ခြံစည်းရိုးနားတွင်…

19 hours ago

ဘင်္ဂလားဒေ့ရှ်ခရီးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလအကြီးအကဲတွေ့မည်

AR Media Group မတ်လ ၁၃ ရက် ၊၂၀၂၅ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် မတ်လ ၁၃…

19 hours ago

မောင်တောမြို့ထဲက စစ်ရှောင်ရိုဟင်ဂျာတွေကို မကြာမီ နေရပ်ပြန်ခွင့်ပေးမယ့်လို့ အစည်းအဝေးအတွင်း အကြမ်းဖက် ရခိုင်က်နက်ကိုင်AA နယ်မြေမှူး ပြော

AR Media- မတ်လ ၁၃ ရက်၊ ၂၀၂၅။ အာရ်ကာန်ဒေသ၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရတဲ့ ရိုဟင်ဂျာတွေကို ဒီလ မကုန်ဆုံးမီ ရက်သတ္တပတ် ၁/၂ ပတ်အတွင်း…

19 hours ago

အကြောက်တရားအောက်တွင် နေထိုင်ရတဲ့ ငန်းချောင်းမှ ရိုဟင်ဂျာတွေနေစဥ်ရက်ဆက် ဆက်ကြေးနဲ့ ဆန် ၅ အိတ်စီအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကို ပေးနေရ

AR Media - မတ်လ ၁၃ ရက်၊ ၂၀၂၅။ အာရ်ကာန်ဒေသ၊ မောင်တောမြောက်ပိုင်းက ငန်းချောင်းကျေးရွာတွင် နေထိုင်ကြတဲ့ ရိုဟင်ဂျာပြည်သူတွေမှာ အကြောက်တရား အောက်တွင် နေထိုင်နေရပြီး…

20 hours ago