Categories: Blog

မောင်တောမြောက်ပိုင်းရွာ ၃ ရွာကနေအကြမ်းဖက် AA နှင်ထုတ်လိုက်တဲ့ ရိုဟင်ဂျာမိသားစု ၂၀၀ ကျော် နေရပ်ပြန်ခွင့် မရသေးပဲနဲ့ အတိဒုက္ခ ရောက်နေ

AR Media News – မတ်လ ၂၀ ရက် ၊ ၂၀၂၅။

အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က အတင်းဖိအားပေးပြီး နှင်ထုတ်လိုက်ခဲ့တဲ့ မောင်တောမြို့နယ်မြောက်ပိုင်းက ရွာ ၃ ရွာမှ ဒေသခံရိုဟင်ဂျာမိသားစု ၂၀၀ ကျော် ယနေ့ထိ နေရပ်ပြန်ခွင့် မရသေးပဲဲနဲ့ ငတ်မွတ်ခေါင်းပါးမှု၊ အတိဒုက္ခ ရောက်နေတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ ရက်နေ့တွင် လှဘော်ဇား၊ကညင်တောရွာ (အာရိချ်ချားဖာရာ)က ရိုဟင်ဂျာမိသားစု (၁၀၀)ကျော်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် မြောတောင်ကျေးရွာမှ ရိုဟင်ဂျာမိသားစု (၇၀)စု၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ငန်းချောင်း ဂုံးနားရွာမှ ရိုဟင်ဂျာ မိသားစု (၇၃)စုတို့အား မူလနေရပ်ကနေ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က အတင်းဖိအားပေး နှင်ထုတ်လိုက်ခဲ့တာနဲ့ နီးစပ်ရာ ရွာတွေမှာ ယနေ့ထိ နေရပ်ပြန်ခွင့် မရသေးပဲဲနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မောင်တောမြောက်ပိုင်း ရိုဟင်ဂျာဒေသခံတွေက ပြောပါတယ်။

” အဆိုပါ ရွာတွေမှ ရိုဟင်ဂျာတွေကို စစ်ဘေးရှောင်ခိုင်းပြီး နီးစပ်ရာ ရွာတွေထဲ ဝင်နေကြတယ်။ နောက်တော့ သူတို့အိမ်တွေက လိုတာလေးတွေ သွားယူဖို့တောင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ခွင့်မပြုဘူး။နှင်ထုတ်တယ်။ အခုထိ လုံးဝ နေရပ်ပြန်ခွင့် မရတော့ဘူး။ မောင်တောမြောက်ပိုင်းက ကညင်တော၊ ဖားဝပ်ချောင်း၊ ငန်းချောင်း ဂုံးနားရွာ၊ မြောတောင်ရွာ အပါအဝင် အနီးပတ်ဝန်းကျင်နဲ့ ကြိမ်းချောင်းဒေသမှ ဗန္ဒူလကျေးရွာ ကြားရှိ ရိုဟင်ဂျာတိုင်းရင်းသားတွေရဲ့ လယ်တွေနဲ့ ပုဇွန်ကန်တွေ အပါအဝင် ပိုင်ဆိုင်မှုတွေ အားလုံးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က အပြီးသိမ်းပိုက်လိုက်တဲ့ အပြင် မဂ်လားကြီး၊ ပြင်​ဖြူ၊ကြက်ရိုးပြင်၊ နောင်တခါလီ စတဲ့ ရွာတွေမှ လယ်မြေတွေ အပါအဝင် ပိုင်ဆိုင်မှုတွေ တချို့ကိုလည်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က လုပ်စားနေတယ်”လို့ သတင်းရင်းမြစ်တစ်ခုက AR Media ကို ပြောတယ်။

ကညင်တော၊ ဂုံးနားနဲ့မြောတောင်ဒေသခံ ရိုဟင်ဂျာအုပ်စုဟာ နီးစပ်တဲ့ ရွာတွေထဲ ခိုလှုံနေပြီး သူတို့မှာ ပြန်စရာ နေအိမ်မရှိတော့သလို လတ်တလော အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ထုတ်ပေးနေတဲ့အိမ်ထောင်စုစာရင်းအသစ်ကိုလည်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က သူတို့ကို ထုတ်မပေးဘူးလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့ ၊ နံနက် ၉ နာရီခန့်တွင် မြောတောင်ရွာမှ နှင်ထုတ်ခံရတဲ့ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ အသက် ၄၆ နှစ် အရွယ် ရော်ရှိဒါဘေဂေါင်(ဘ) မာမတ်ကာဆိမ်းဟာ နေရပ်စွန့်ခွာရမှုနဲ့ အကျပ်အတည်းတွေကြောင့် မိမိနေရပ် မိမိနေအိမ်ကို သွားရောက်ခဲ့ရာ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေရဲ့ နှင်ထုတ်တာကို ခံခဲ့ရပြီး ဒါးကြီးစားရွာကို ပြန်တဲ့လမ်းမှာလည်း တောဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် သေလုမြောပါး ဒဏ်ရာတွေ ရရှိခဲ့ကာ လောလောဆယ်တော့ သူမကို ဆေးကုပေးတာမျိုးလည်း မလုပ်ပေးနိုင်သေးဘူးလို့ သတင်းရင်းမြစ် နောက်တစ်ခုက ပြောပါတယ်။

ထိုအပြင် မောင်တောမြို့၊ ရပ်ကွက်(၁ ၊၂ ၊၄)၊ မောင်နီ၊ ကညင်တန်း ရပ်ကွက်တွေမှ စစ်ဘေးရှောင်အဖြစ် AA က မောင်တောမြောက်ပိုင်းနဲ့ တောင်ပိုင်းသို့ ခေါ်ယူလာခဲ့တဲ့ ရိုဟင်ဂျာတွေအား မြို့ထဲသို့ မကြာမီ နေရပ်ပြန်ခွင့်ပေးမယ်လို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA နယ်မြေမှူးတစ်ဦးက အစည်းအဝေးတွင် ပြောခဲ့ပေမယ့် ယ္ခုထိ နေရပ်ပြန်ခွင့် မရရှိသေးလို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA လုပ်ရပ်တွေဟာ နားလည်ဖို့ ဇဝေဇဝါဖြစ်ပြီး သိပ် ပဟေဠိ ဖြစ်နေပါတယ်လို့ နေရပ်ပြန်ခွင့်မရသူတစ်ဦးက AR Media ကို ပြောတယ်။

AR Media Daily News

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago