AR Media Group မတ်လ ၂ ၂ ရက် ၊ ၂၀၂၅ ၊
အာရ်ကာန်ဒေသ ၊ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းက အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA သိမ်းပိုက်ထားတဲ့ နယ်ခြားစောင့်စခန်းဟောင်းနှစ်ခုနဲ့ ကျေးရွာအများအပြားကို စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ကင်းထောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဒရုန်းနဲ့ကင်းထောက်ခဲ့တဲ့ နယ်ခြားစောင့်စခန်းနှစ်ခုကတော့ အလယ်သံကျော်ကမ်းခြေက နယ်မြေ ၇ နယ်ခြားစောင့်စခန်းဟောင်းနဲ့ နှခေါင်းတိုနယ်ခြားစောင့်စခန်းဟောင်းတို့ဖြစ်ပြီး မနေ့က မတ်လ ၂၀ ရက်၊ မနက် ၁၁ နာရီလောက်မှာ ကင်းထောက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနယ်ခြားစောင့်စခန်းဟောင်းနှစ်ခုကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်၊ ဇွန်လအတွင်းကနေ သိမ်းပိုက်နိုင်ခဲ့တာပါ။
အလားတူ မောင်တောတောင်ပိုင်းက ဥဒေါင်း၊ မောရဝတီ၊ သရီကုန်ဘောင်၊ ကင်းချောင်း၊ ရွှေဗဟို၊ ကျောက်ပန္ဒူ၊ ခရေမြိုင်၊ ဗောဓိကုန်းနဲ့ ရွှေရင်အေးစတဲ့ကျေးရွာအများအပြားကိုလည်း မနေ့ည ၁ဝ နာရီလောက်မှာ စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ကင်းထောက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
မောင်တောမြို့နယ်တောင်ပိုင်းက ဥဒေါင်းကျေးရွာဒေသခံတစ်ယောက်က “ဒရုန်းပျံနေတယ်။ ဒရုန်းပျံနေတယ်လို့ ရွာသားတွေ အော်ပြောကြပြီး ဗုံးကျင်းထဲကို ပြေးသူပြေး၊ ကျူရှင်တက်နေကြတဲ့ ကလေးတွေကို မိဘတွေက အပြေးအလွှားသွားခေါ်နဲ့ အတော်လေး ရုပ်ရုပ်သဲသဲဖြစ်သွားခဲ့ကြတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီဟာ မောင်တောမြို့ပေါ်နဲ့ အနီးဝန်းကျင်နေရာအနှံ့အပြားကို ပြီးခဲ့တဲ့အပတ်ကလည်း တစ်ရက်မှာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ တစ်နေ့ကို နှစ်ကြိမ်စီ လေးရက်တိုင်တိုင် ကင်းထောက်ဒရုန်းတစ်စီးနဲ့ ပျံသန်းကင်းထောက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
AR Media Group
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…