AR Media Group မတ်လ ၂၉၊ ၂၀၂၅ ။
နှစ်ပေါင်း ၂၄၀ရှိ သမိုင်းဝင်ဗလီ
ရွှေဘုန်းရှိန်ဗလီကြီးက မန္တလေးမြို့သက်ထက် ၇၄ နှစ်စောပြီး ရှိနေခဲ့လို့ အခုဆိုရင် ၂၄၀ နှစ်သက်တမ်းရှိနေခဲ့ပါပြီ
ဗလီရဲ့သမိုင်းရာဇဝင်က ၁၇၈၄ ခုနှစ်မှာ ဘိုးတော်ဗဒုံမင်းက သူ့ရဲ့သားတော် အိမ်ရှေ့စံရွှေတောင်မင်းကို ဓညဝတီရခိုင်ပြည်ကို သွားရောက်သိမ်းယူစေခဲ့ရာက မဟာမုနိရုပ်ရှင်တော် နဲ့ တကွ ရခိုင်ပညာရှင် သုံ့ပန်း သုံးသောင်းကျော်ကို အမရပူရ နေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ရာ ကမန် အစ္စလာမ်ဘာသာဝင် လေးသည်တော် ပန်းပုပညာရှင် ကျောက်ဆစ်ပညာရှင် တစ်ထောင်ကျော်လဲ ပါလာခဲ့ကြပါတယ်
အမရပူရနေပြည်တော်ရဲ့ မြောက်ဘက် အခု မန္တလေး မတည်ရသေးတဲ့နေရာမှာ ဘုရားကြီးကို တည်ထားခဲ့ပါတယ်။
အစ္စလာမ်သာသနာတော်ဝင် ပန်းပုပညာရှင်များနဲ့ လေးသည်တော်များကိုလဲ ဘုရားနဲ့အနီးတဝိုက်မှာ နေရာချပြီးနေစေခဲ့ပါတယ်
ဘုရားကြီးဆောက်လုပ်နေစဥ် ဘိုးတော်ဘုရားက လာရောက်ကြည့်ရှု့ရာ ကမန်တပ်မှူးဦးရွှေအိုးအား မတွေ့သဖြင့် မေးမြန်းရာမှ ဦးရွှေအိုး ပြန်ရောက်လာ၍ မိမိတို့ ဘာသာဝင်များ အနေဖြင့် နေ့စဥ် တနေ့ ငါးကြိမ် ဝတ်ပြုရကြောင်း ဝတ်ပြုသောအခါ အမျိုးသားများမှာ ဝတ်ကျောင်းတော်များတွင် လည်းကောင်း အမျိုးသမီးများမှာ မိမိတို့နေအိမ်များတွင်လည်းကောင်းဝတ်ပြုရသဖြင့် အမရပူရဘက်သို့သွားရောက်ဝတ်ပြုနေကြောင်း သံတော်ဦးတင်လျှောက်ထားခဲ့ပါတယ်
ဘိုးတော်ဘုရားကလဲ ဝတ်ပြုရာတွင် နှောင့်နှေးကြန့်ကြာမှု့မဖြစ်စေရန် ဘုရားကြီး၏မြောက်ဘက်
မြင်းဝန်းမင်းကြီးတိုက်၏တောင်ဘက် သင့်မြတ်ကောင်းမွန်သောနေရာတွင် ဝတ်ပြုကျောင်းဆောင်ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ဦးရွှေအိုး နှင့် အမှု့ထမ်းများ အား ရွေးချယ်၍ ဘုရားကြီး၏ ရွှေတံခါးသော့ကိုင် ရာထူးဂုဏ်ထူးများပေးအပ်ခဲ့ပါတယ်
ဘုန်းရှိန်ဝါ ကြီးမြတ်တဲ့သူတွေအတွက် ဝတ်ပြုရာနေရာဖြစ်လို့ ရွှေဘုန်းရှိန်ဗလီ အမည်နာမဘွဲ့တော်ကို ဘုရင်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့တာပါ
ပထမဆောက်လုပ်ခဲ့သော ဝတ်ကျောင်းတော်မှာ ဝါးဗလီဝတ်ကျောင်းတော်ဖြစ်ခဲ့ပါတယ်
ရွှေဘုန်းရှိန်ဗလီ နှင့်အတူ တည်ခဲ့သော ဗလီများမှာ ကံရွာဗလီ သိုးခြံရွာဗလီတောင်မြင့်ဗလီ ဝေသာလီဗလီများ ဖြစ်ခဲ့တယ်လို့ မှတ်တမ်းများမှာ တွေ့ရပါတယ်
မင်းတုန်းမင်းလက်ထက် မန္တလေးမြို့တည်ပြီးတဲ့အခါ မန္တလေးမြို့ နယ်နိမိတ်ထဲကို ရောက်ရှိခဲ့ပြီး သီပေါမင်း လက်ထက် ၁၈၇၉ နဲ့ ၁၈၈၄ တို့မှာ မဟာမုနိဘုရားကြီးနဲ့အတူမီး ၂ ကြိမ် သင့်ခဲ့ပါတယ်
၁၈၈၅ မှာ ကျွန်းပျဥ်ထောင်ဗလီအဖြစ်ဆောက်ခဲ့ရာမှ
နှစ်ကာလကြာမြင့်လာပြီး ပျက်စီးယိုယွင်းခဲ့လို့ ၁၉၂၁ မှာ အခုလက်ရှိ အုတ်ဗလီကြီးကို စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ကြရာ၁၉၂၄ မှာ အလုံးစုံပြီးစီးခဲ့ပါတယ်
၁၉၄၂ ဒုတိယကမ္ဘာစစ်မီးက ကင်းလွတ်ခဲ့၍ နှစ်ပေါင်း ၉၉ နှစ် ထုထည်ခိုင်မာစွာနဲ့ ရှိနေခဲ့ပြီး
အခုနောက်ပိုင်း ဂျမာအတ်အင်အားနည်းပါးလာတာကိုလဲ ဝမ်းနည်းစွာတွေ့ရမြင်ရပါတယ်
ဗလီကြီးရဲ့ အရှေ့ဘက်မှာ
ကမန်လေးသည်တော်တို့ရဲ့မျိုးဆက်တွေ အစဥ်အဆက်နေထိုင်ခဲ့ကြပြီးလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ဖယ်ရှားခံခဲ့ရပါတယ်။
Htet Naung Oo အစ္စလာမ့်အလင်းဂျာနယ်
AR Media Group
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…