ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီး ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံး

AR MEDIA GROUP

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။

သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့ နတ်ချောင်းဆရီမြို့နယ်ရှိ ဒိုင်းနက်လူမျိုးတွေ နေထိုင်ကြတဲ့ ကျေးရွာတစ်ခုမှာ ဆူမီနိုင် တန်ချာန်ဂျာ (၁၁ နှစ်) ဖြစ်ကြောင်း သိရပါတယ်။

ဖြစ်စဥ်မှာ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မိခင်ဖြစ်သူနဲ့အတူ ယာခင်းသို့ သွားရောက်စဥ် နယ်စပ်မှတ်တိုင်အမှတ် (၃၉) အနီးရှိ ခြံစည်းရိုးဘေးတွင် မပေါက်သေးပဲ စစ်ကျန်မော်တာဗုံးသီးတစ်လုံးကို တွေ့ရှိခဲ့ပြီး အဲ့ဒီကလေးက မော်တာဗုံးသီးအား ယူပြီး ကစားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ်မှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့တယ်။

အဲ့ဒီ စစ်ကျန်မော်တာဗုံးဟာ AA နဲ့ ARA တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်း AA ဘက်မှ ပစ်ခတ်လိုက်တဲ့ မော်တော်ဗုံးသီး ဖြစ်ပြီး မပေါက်သေးပဲ ဆော့ကစားခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ချ် မီဒီယာတစ်ခုဖြစ်တဲ့ TTN သတင်းဌာနတွင် ဖော်ပြထားတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB နဲ့ ရဲတပ်ဖွဲ့ရဲ့ အကူအညီဖြင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်ကာ ကျေးရွာသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားတယ်။

ခေါင်းတုံးယူနီယံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဘာဘုလ် ချက္ကမ က “ဆယ်ကျော်သက်တစ်ဦးဟာ မော်တာကျည်တစ်လုံးနဲ့ ကစားရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။ အလောင်းကို အခင်းဖြစ်ပွားရာ နေရာကနေ ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်” လို့ ဘင်္ဂလား မီဒီယာတွေအား ပြောကြားခဲ့တယ်။

“မြန်မာ-ဘင်္ဂလားနယ်စပ်ကြား သုညမျဉ်းအနီးတွင် မော်တာကျည်ဆန် ပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပြီးလို့ နတ်ချောင်းဆရီမြို့နယ် အုပ်ချုပ်ရေးအရာရှိ (UNO) အေနာမုလ် ဟာဆောန် ကလည်း ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *