Categories: Blog

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ပညာရေးအရည်အချင်းမြှင့်တင်ရေး စာစစ်ဘုတ်အဖွဲ့အသစ်ဖွဲ့စည်း

AR Media Group မေလ ၂ ရက်၊၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် တည်နေထိုင်နေသော ရိုဟင်ဂျာဒုက္ခသည်များ၏ ပညာရေးအရည်အချင်းများ မြှင့်တင်နိုင်ရေးအတွက် စာမေးပွဲစစ်ဆေးမှုများကို ညှိနှိုင်းပြီး ဗဟိုစနစ်ဖြင့် စနစ်တကျစီမံနိုင်မည့် စာစစ်ဘုတ်အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

ဤစာစစ်ဘုတ်အဖွဲ့အသစ်သည် စာမေးပွဲဖြေဆိုရေး၊ အဖြေလွှာစစ်ဆေးရေးနှင့် ရလဒ်ထုတ်ပြန်ရေးလုပ်ငန်းများကို ပညာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းကာ ထိန်းသိမ်းလုပ်ကိုင်သွားမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် အာရ်ကာန်ဒေသမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာရသော ရိုဟင်ဂျာဒုက္ခသည်များအတွက် ပညာရေးအခွင့်အရေးမျှတမှု ရရှိရေးကြိုးပမ်းမှုတစ်ရပ်အဖြစ်၊ ယခုလုပ်ငန်းစဉ်ကို ရိုဟင်ဂျာအသိုင်းအဝိုင်းမှ ပံ့ပိုးဆောင်ရွက်နေကြခြင်းဖြစ်သည်။

“စာစစ်ဘုတ်အဖွဲ့တစ်ရပ်တည်ထောင်ခြင်းက ဒုက္ခသည်ကလေးငယ်များအတွက် ပညာရေးစနစ်တကျအတွက် အရေးပါသောအခြေခံအုတ်မြစ်တစ်ခုဖြစ်လာမည်” ဟု ဒုက္ခသည်စခန်းအတွင်းမှ အငြိမ်းစားအဆင့်ရှိ ဆရာတစ်ဦးက ပြောကြားခဲ့သည်။

AR Media Group

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago