Categories: Blog

ဘင်္ဂလားက ငါးခိုးဖမ်းသူတွေကြောင့် တရားဝင် ငါးဖမ်းသမားတွေကို ခြိမ်းခြောက်ခံနေရတယ်လို့ အကြမ်းဖက် အဖွဲ့ တဖွဲ့ မှ ဘင်္ဂလားဒေ့ချ် အစိုးရအား ‌ဆန့်ကျင်

A R Media Group မတ် ၁၅ ရက် ၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ငါးခိုးဖမ်းသူတွေကြောင့် တရားဝင် နှစ်နိုင်ငံ ငါးဖမ်းသမားတွေရဲ့ အသက်မွေးဝမ်းကျောင်း ခြိမ်းခြောက်ခံနေရတယ်လို့ အကြမ်းဖက် လက်နက်ကိုင် ULA/AA ပြောခွင့်ရ ဦးခိုင်သုခ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဆန့်ကျင်ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဘင်္ဂလား ပင်လယ်အော် အတွင့် ငါးဖမ်းသူများ ဖြစ်ပြီး ငါးခိုးဖမ်းသူတွေဟု ပုံဖော်ကာ တိုက်ပွဲကြောင့် လုံခြုံရေးကျိုးပေါက်မှုကို အခွင့်ကောင်းယူပြီး မြန်မာရေပိုက်နက်အတွင်းထဲထိ ငါးခိုးဖမ်းနေပြီး၊ ဟု ပြောပါတယ်။

အကြမ်းဖက် လက်နက်ကိုင် AA သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ၏ အဓိက အသက်မွေးဝမ်းကျောင်း သည် ဘင်္ဂလား ပင်လယ်အော် ၌ ငါးဖမ်းမှု ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုတိယ ၀င်ငွေသည် ငါးမွေးမြူရေး နှင့် ပင်လယ် ငါးဖမ်းခြင်း ဖြစ်သည်ကိုအကြမ်းဖက် လက်နက်ကိုင် AA သမိုင်း နှင့် ပထ၀ီ အနေအထားကို နားမလည်ကြောင်းတွေ့ရ ပါတယ်။

အကြမ်းဖက် လက်နက်ကိုင် ULA/AA ပြောခွင့်ရ ဦးခိုင်သုခရဲ့ ထုတ်ပြန်ချက်အတွင်း ငါးခိုးဖမ်းမှုကို ဘင်္ဂလားဒေ့ရှ်နဲ့ အကြမ်းဖက် လက်နက်ကိုင် ULA/AA ကြား ပူးပေါင်း ဖြေရှင်းဖို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက် လက်နက်ကိုင် AA နှင့် မြန်မာ စစ်ကောင်စီ အကြား ၂၀၂၃ ၊ နို၀င်ဘာလ မှ စပြီး တိုက်ပွဲကြောင်း မြန်မာ စစ်ကောင်စီမှ ကုန်းလမ်း ၊ရေလမ်း ဖိတ်ထားပြီး ကုန်သည်စီးဆင်းမှု လုံး၀မရှိသဖြင့် အငတ်ဘေး နှင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် လက်နက်ကိုင် AA သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မဖြစ်ဖြစ်အောင် ဆက်ဆံရေးကို တည်ဆောက်လိုကြောင်းကိုဖေါ်် ပြပါတယ် ။

ဒါ့အပြင် မတ်လ ပထမအပတ်က မြန်မာရေပိုင်နက်အတွင်း ငါးခိုးဖမ်းရင်း စက်ပျက်ကာ ရေထဲမျောနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးခိုးဖမ်းသူ ၅ ဦးကို အကြမ်းဖက် လက်နက်ကိုင် AA က ကယ်တင်ပေးခဲ့တယ်လို့ ဖေါ်် ပြသောလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ မနက် ၆ နာရီခန့်မှာ ဘဂ်လားဒေ့ချ်ရှိ ဒုက္ခသည်စခန်းများက မိမိတို့နိုင်ငံ မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းဖို့ သွားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၄ ဦး ကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ဖမ်းဆီးထားတယ်။

ဖမ်းဆိးထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် လက်နက်ကိုင် ULA/AA က ယနေ့ထိ ဘာရည်ရွယ်ချက်နှင့် သတင်းထုတ်ပြန်ခဲ့တာ မရှိသေးသည့်အတွက် သူတို့အား အကြမ်းဖက် လက်နက်ကိုင် AA က တစ်ခုခု လုပ်မှာကို စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု အဖမ်းခံရသူတွေရဲ့ မိသားစုဝင်များက ရင်နာနာနဲ့ ပြောကြားခဲ့တယ်။

အကြမ်းဖက် လက်နက်ကိုင်AA က ဖမ်းဆီးထားသူများ၏ အမည်များမှာ-

(၁) မာမတ် ရှော်ဖိ (ဘ) အာဘုလ်အာရှိမ် (၃၇)နှစ်
(၂) ရှာအာလောမ် (ဘ) မာမတ် ရှောဖိ (၂၀)နှစ်
(၃) အဗ်ဒုလ်ဟာဖဲစ် (ဘ) ရှာအာလောမ် (၂၅)နှစ်
(၄)အဒူဆော်လာမ် (ဘ) အဒူရှူက္ကူရ် (၂၇)နှစ်
(၅) ဆော်လိမ်အူလ္လာ (ဘ) ရာဟ်မောတ်အူလ္လာ (၃၀)နှစ်
(၆) မာမတ် ဆော်လိမ် (ဘ) မူဟာမတ် ရော်ဖိတ် (၂၈)နှစ် စသည့်
၂၄ ဦး တို့ကို ဖမ်းဆီးထားတယ်။

A R Media Group

Editor

Recent Posts

မောင်တော လသာရွာသား ၁ ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ပြတ်ထွက်

AR Media- မတ်လ ၁၅ ရက်၊ ၂၀၂၅။ အရ်ကာန်ဒေသ ၊ မောင်တောမြို့ ၊ လသာရပ်ကွက်အပိုင် လသာရွာမှ အမျိုးသား ၁ ဦးဟာ…

3 days ago

ဖမ်းမိငါးဖမ်းသမား ၂၁ ဦးအား AA မှ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံ လွှဲပြောင်းပေး

AR Media Group မတ် ၁၅ ရက် ၊ ၂၀၂၅ အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့(AA) သည် ဖမ်းဆီးထားသည့် ငါးဖမ်းသမား ၂၁ ဦးကို ပြန်လွှတ်ပြီး…

3 days ago

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ဲ့

AR မီဒီယာ၊ ရက်စွဲ- ၁၄၊၀၃၊၂၀၂၅။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ နိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်နဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး…

4 days ago

4 days ago