ဖေဖော်ဝါရီ ၂၈/ ၂၀၂၅၊ AR Media Group၊
စစ်တွေမြို့ရှိ ရိုဟင်ဂျာအသိုင်းအဝိုင်းကို အထင်အမြင်လွဲမှားစေရန် သတင်းမှားများ ပျံ့နှံ့နေပြီး ပြည်သူများအကြား အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်း စစ်တွေမြို့ရှိ ရိုဟင်ဂျာအသိုင်းအဝိုင်းမှ AR Media Group သို့ ပြောဆိုပါတယ်၊
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက အချို့သော ဖေ့စ်ဘုတ်ခ်စာမျက်နှာများနှင့် ရခိုင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့သည် ရခိုင်ကျေးရွာများရှိ အိမ်များကို ရိုဟင်ဂျာ များထံ စစ်ကောင်စီမှ ရောင်းချခဲ့သည်ဟူသော ဇာတ်ကြောင်းများ ပျံ့နှံ့လာခဲ့သည်။ ငွေကျပ် သန်း 80 မှ သန်း 130 အထိ ပါဝင်သည့်ဟိုသော အဆိုပါ တိုင်ကြားမှုများသည် စစ်တွေမြို့ရှိ ရခိုင်နှင့်ရိုဟင်ဂျာ အသိုင်းအဝန်းကြား ရန်ငြိုးဖွဲ့ရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှု ဖြစ်သည်ဟု စစ်တွေ ရိုဟင်ဂျာ အသိုင်းအဝိုင်းများထံမှ သိရသည်။
ငွေကြေးဖောင်းပွမှုနှင့် ကုန်သွယ်မှု ပြတ်တောက်မှုများ လွန်ကဲလာချိန်တွင် အခြေခံ ကုန်စည်များ ရှားပါးလာကာ စစ်တွေ ရိုဟင်ဂျာ အသိုက်အဝန်း အကျပ်အတည်းမှ စတင်ကာ IDP စခန်းများတွင် နေထိုင်ခဲ့ကြသည့် ရိုဟင်ဂျာ အများစုမှာ စားနပ်ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်မှုဖြင့် ရုန်းကန်နေရချိန် တွင် ရခိုင်ကျေးရွာများတွင် နေအိမ်များ ဝယ်ယူခြင်းနှင့် ပတ်သက်သည့် မမှန်မကန် ပြောဆိုမှုများသည် ရိုဟင်ဂျာ မုန်းတီးရေး လှုံ့ဆော်ရန် တမင်တကာ ကြိုးပမ်းမှုအဖြစ် ရှုမြင်နေကြကြောင်း စစ်တွေရိုဟင်ဂျာများက ပြောသည်။
ထို့အပြင် စစ်တွေမြို့ရှိ ရိုဟင်ဂျာ လူငယ်များ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအဖြစ် ဆန္ဒအလျောက် ပါဝင်နေကြောင်း မဟုတ်မမှန် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ သို့သော်လည်း ဒေသခံလူငယ်များက အဆိုပါပြောဆိုချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး ၎င်းတို့သည် အမုန်းပွားစေရန် ရည်ရွယ်၍ အခြေအမြစ်မရှိသော စွပ်စွဲမှုများဖြစ်သည် ဟုဆိုသည်။
စစ်ကောင်စီက လူတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတယ်။ တလိုတလား စာရင်းသွင်းတာမျိုးတော့ မရှိပါဘူး။ ဘယ်သူက ဆန္ဒအလျောက် သေသွားတာရှိလို့လဲ။ ဒီပြောဆိုချက်တွေက လုံးဝ အခြေအမြစ်မရှိပါဘူး။ ငွေကြေးတတ်နိုင်သူတချို့က စစ်ဘးရှောင်ပြီး စစ်မှုထမ်းဖို့ ပိုက်ဆံပေးပြီး စစ်တွေကနေ ထွက်သွားကြတယ်” ဟု စစ်တွေမြို့ခံ ရိုဟင်ဂျာတဦးက ပြောသည်။
စစ်တွေမြို့ ရိုဟင်ဂျာအသိုက်အဝန်းသည် စစ်အစိုးရနှင့် မဟာမိတ်ဖွဲ့ထားသည့် ရခိုင်လက်နက်ကိုင် ALP (ရခိုင်လွတ်မြောက်ရေးပါတီ) မှလည်း စစ်ကောင်စီကဲ့သို့ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။ နိုင်ထက်စီးနင်း ဖမ်းဆီး၍ စစ်မှုထမ်းရန် အတင်းအကြပ် ခေါ်ယူခြင်း ခံနေရသည်ဟု ၎င်းတို့က ပြောကြာသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ရိုဟင်ဂျာအသိုက်အဝန်းကို လွဲမှားစေရန် မဟာဗျူဟာကျကျ သတင်းမှားများ ပျံ့နှံ့နေပါသည်။ အဆိုပါ လုပ်ရပ်များသည် ၎င်းတို့၏ ဘေးကင်းရေး အတွက် စိုးရိမ်ပူပန်မှု တိုးလာစေသည်ဟု လေ့လာသူများက ဆိုသည်။
AR Media Group မှ တင်ပြသည်။
The Rohingya Solidarity Organization, among the groups, has been operating in public and government view…
AR MEDIA GROUP ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြက်ရိုးပြင်ကျေးရွာမှ ရိုဟင်ဂျာအရပ်သား (၉)ဦးကို ရခိုင်အစွန့်ရောက် အကြမ်းဖက်အဖွဲ့ #AA က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မော်တာဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားမီဒီယာတွေတွင် ရေးသားဖော်ပြတယ်။ သေဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘင်ဒရိုဘင်နယ်စပ်ဒေသဖြစ်တဲ့…
AR MEDIA GROUP ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူရာမန်သည် ဆိုက်ပရပ်စ်နိုင်ငံမှ ကိုယ်စားလှယ်လောင်းကို မဲ ၉၉ မဲ၊ မဲ ၉၁ မဲဖြင့် အနိုင်ရရှိကာ…
AR MEDIA GROUP The accusations involve an official assigned to Administrative Area (3), which covers…
AR MEDIA GROUP Maungdaw, Arakan State — Two Rohingya youths from Thayet Oek village in…