AR Media Group မတ်လ ၂၆ ရက် ၊ ၂၀၂၅
အာရ်ကာန်ဒေသ ၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်၊ ကျောက်တလုံးဘုရားအနီးမှ ခမရ(၅၄၂)၊ ဂုံးချွိန်ကျေးရွာအနီးရှိ ခမရ(၅၄၃)တို့ကို စစ်ကောင်စီက လေယာဉ်များဖြင့် အင်အားရာချီဖြည့် တင်းနေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါ တပ်ဌာနချုပ်နှင့် တပ်ရင်းများမှာ တိုက်ပွဲပြင်းထန်ရာနယ်မြေများဖြစ်ပြီး မတ်လ ၂၅ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ က အင်အားဖြန့်ကျက်ဖြည့်တင်းသွားကြောင်း ကျောက်ဖြူရှိ စစ်ရေးသတင်း ရင်းမြစ်တဦးက AR Media ကိုပြောသည်။ လေယာဉ်နှစ်စီးနဲ့တပ်တွေ လာချသွားတယ်။ စစ်အင်အားလာဖြည့်တာ ၂၀၀ ကျော်လောက်ပါတယ်။ သုံး နေရာဖြန့်ပြီးလာဖြည့်သွားတယ်။ တနေ့က(မတ်လ ၂၃ ရက်)ညအထိ တိုက်ပွဲဖြစ်တယ်။ အခု ဟိုဘက်ရော ဒီဘက်ရော နှစ်ဘက်လုံးမပစ်သေးဘူး တိုက်ပွဲတန့်နေတယ်” ဟု ၎င်းကပြောသည်။
ယခင်ရက်ပိုင်းကလည်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် (AA)က လက်နက်ကြီးဖြင့်ထိုးစစ်ဆင်နေသည့် မြို့အနီးမှ ရဲ တပ်ရင်း(၃၂)တွင်လည်း အင်အားအနည်းငယ်စီဖြည့်တင်းမှုများရှိခဲ့ကြောင်း ၎င်းကဆိုသည်။ လတ်တလော ကျောက်ဖြူမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေ ကြောင်း၊ ဒရုန်းများကို ဟန်ချက်ညီညီအသုံးပြုလာကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ကျောက်ဖြူတိုက်ပွဲတွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် (AA)က အင်အား အလုံးအရင်းဖြင့်ဝင် ရောက်တိုက်ခိုက်ခြင်း မဟုတ်ဘဲ လက်နက်ကြီးဖြင့် အကဲစမ်းခြင်း၊ နည်းဗျူဟာ Fire Power (ထိရောက်စွာပစ်ခတ်နိုင်သော ပစ် ခတ်မှု)အဓိကအသုံးပြုခြင်းကို လတ် တလောမြင်တွေ့ရကြောင်း ၎င်းကပြောသည်။ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ ကျောက်တလုံးဘုရားအနီးရှိ ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄)၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်းနှင့် တောင်မော်ကြီး ရေတပ်ဌာနခွဲတို့ တည်ရှိသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)လုံခြုံရေးအကြောင်းပြကာ တရုတ်လုံခြုံရေးအဖွဲ့များ ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ရောက်ရှိလာပြီးနောက် ယခုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကို အပူလှိုင်းခြေရာခံသည့် ညကြည့်(night vision)စနစ်ပါဝင်သော နည်းပညာမြင့်ဒရုန်းများ၊ Jammer များ၊ ထောက်လှမ်းရေး ဒရုန်းများ စသည့်နည်းပညာအကူညီပေးမှုများရှိကြောင်း ကျောက်ဖြူရှိ တပ်တွင်းအကြီးအကဲနှင့်နီးစပ်သူ တဦးကပြောသည်။
တရုတ်စစ်သားတွေ အရင်ကတည်းကရောက်နေတာ၊ မနှစ် ၂၀၂၄ ကပေါ့။ ကြည်းတပ်အတွက် ကူပေး တာ။ အခုက အသံပျောက်ဒရုန်းတွေ သုံးနေတာ” ဟု ၎င်းကပြောသည်။ကျောက်ဖြူတိုက်ပွဲအတွင်း တရုတ်ဘက်က ဒရုန်းဖြင့်ကင်းထောက်သည့်ကိစ္စရပ်များ ဝင်ရောက်အကူ အညီပေးနေခြင်းကို မြေပြင်သတင်းရင်းမြစ်များထံကတဆင့် သိရကြောင်း CDM ဗိုလ်ကြီးဇင်ယော်က လည်းပြောသည်။
ဝင်တိုက်တဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ ဒရုန်းတွေနဲ့ကင်းထောက်ပေးတာတို့၊ သူတို့ကင်းထောက်ပေး ပြီး အောက်ကတိုက်ခိုက်ရေးအဖွဲ့က သီးသန့်တိုက်ခိုက်တာတို့ပေါ့နော်။ ကိုယ်တိုင် ဝင်ပြီးတော့တိုက်တဲ့ အနေအထားကတော့ ဖြစ်နိုင်ချေ တော်တော်ကြီးနည်းတယ်၊ တရုတ်တွေက သူတို့အရေးမှမဟုတ်တာ။ Base တခုကနေထိုင်ပြီး လက်နက်ကြီးနဲ့ပစ်တာတို့ ဒရုန်းနဲ့တိုက်ခိုက်တာတို့ ဒါမျိုးတွေက လုပ်ဆောင်နိုင် ဖွယ်ရှိပါတယ်” ဟု ၎င်းကပြောသည်။
တရုတ်လုံခြုံရေးများရောက်ရှိပြီး နည်းပညာအကူအညီပေးနေသည့်ကိစ္စအားအတည်ပြုရန် အကြမ်းဖက် ရခိုင်လက်နက်ကိုင် (AA)ပြောရေးဆိုခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်၍မရသေးပေ။ ကျောက်ဖြူတိုက်ပွဲကြောင့် ဒေသခံ ၂,၀၀၀ ကျော် နေရပ်စွန့်ခွာသွားကြပြီး စစ်ဘေးတိမ်းရှောင်ရန် ငွေ ကြေး ခက်ခဲနေသူအများစုသာ ကျန်ရစ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။
အာရ်ကာန်ဒေသ ကျောက်ဖြူမြို့နယ်တွင်ရှိသော ဓညဝတီရေတပ်ဌာနချုပ်အပါအဝင် စစ်ကောင်စီ တပ်ရင်း များအားလုံးကို အကြမ်းဖက် ရခိုင်လက်နက်ကိုင်(AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များ ထံမှ သိရသည်။ ဓညဝတီရေတပ်ဌာနချုပ်၊ ကြတ္တိန်၊ စည်မော်ကျေးရွာတို့တွင် မတ် လ ၂၃ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ကာ ယနေ့တွင်မူ စစ်ရေးတင်းမာနေပြီး စစ်ဆိုင်ထားသည့်အနေအထားဖြစ်ကြောင်း ဆိုသည်။
အာရ်ကာန်ဒေသ ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထား နိုင်သည့် အကြမ်းဖက် ရခိုင်လက်နက်ကိုင် (AA)အနေဖြင့် အာရ်ကာန်ပဒေသအတွင်း မြို့သုံးမြို့သာ သိမ်းပိုက်ရန်ကျန်တော့ ပြီး ထိုမြို့သုံးမြို့မှာ ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ ဖြစ်သည်။
AR Media Group မတ်လ ၂၆ ရက် ၊ ၂၀၂၅
The situation of Rohingya civilians in Arakan has become a matter of serious concern, particularly…
In the Arakan (Rakhine) region, a terrorist organization known as the United League of Arakan…
Indian opposition leader Rahul Gandhi sustained a minor nose injury during a protest march in…
Residents living across northern Arakan State and communities situated along the foothills of the Rakhine…
KUALA LUMPUR, MALAYSIA – Bangladesh Prime Minister Tarique Rahman held a private one-on-one meeting with…
It has been reported that the Myanmar military forces have reportedly launched a large-scale offensive…