Categories: Blog

ငလျင်ဒဏ်သင့်ဒေသတွေကို ချက်ချင်း အကူအညီ ခွင့်ပြုဖို့ HRW တောင်းဆို

AR Media Group ၕပြီလ ၀၁ ၊ ၂၀၂၅

မြန်မာစစ်အစိုးရ အနေနဲ့ ငလျင်ဒဏ်ခံရသူတွေထံ အကူအညီတွေ ကန့်သတ်ခြင်းမရှိ ပေးခွင့်ပြုသင့်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောကြားလိုက်ပါတယ်။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ငလျင်ဘေးဒဏ်သင့် နေရာတွေကို သွားလာခွင့် ကန့်သတ်ပိတ်ပင်တာတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုပြီးခက်ခဲစေခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်လှုပ်ခတ်ခဲ့ပြီး အဆောက်အဦးတွေပြိုကျ၊ လမ်းတံတားတွေ ပျက်စီးခဲ့ပြီး အမေရိကန် ဘူမိဗေဒ ဆန်းစစ်ရေးအဖွဲ့ ခန့်မှန်းချက်အရ သေဆုံးသူ ၁၀,၀၀၀ နဲ့ အထက် ရှိနိုင်ကြောင်း၊ဒါပေမယ့် နိုင်ငံတစ်ဝန်းမှာ ငလျင်ကြော င့် သေဆုံးသူ ၂၇၁၉ ဦးရှိပြီး ဒဏ်ရာရသူ ၄၅၂၁ ဦးရှိလာပြီလို့ စစ်ကောင်စီဥက္ကဋ္ဌက ဧပြီလ ၁ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ အရင်လုပ်နည်းဟောင်းတွေအတိုင်း တားမြစ်ပိတ်ပင်တာတွေ မလုပ်ပဲ အသက်ဘေးကြုံနေရသူတွေထံ အကူအညီတွေ အမြန်ဆုံးပေးခွင့်ပြုဖို့ လိုအပ်တယ်လို့ HRW ရဲ့ အာရှရေးရာ လက်ထောက်ဒါရိုက်တာ Bryony Lau ကပြောပါတယ်။ စစ်ကောင်စီကတဆင့် အရင်က ကပ်ဘေးတွေမှာ ပေးတဲ့ငွေကြေး နဲ့ ပစ္စည်းတွေကို တခြားနေရာတွေမှာ သုံးစွဲခြင်း ခြစားမှုတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီ တစ်ဦးတည်းအနေနဲ့ ဒီလောက်ကြီးမားတဲ့ ကပ်ဘေးကို ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း၊ နိုင်ငံတကာ အစိုးရတွေ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို ဖိအားပေးပြီး အသက်ရှင်ကျန်ရစ်သူတွေထံ လွတ်လွတ်လပ်လပ် အမြန်ဆုံးသွားရောက် ကူညီခွင့်ပြုဖို့ လိုအပ်ကြောင်း HRW က ပြောပါတယ်။

အလှူရှင်တွေအနေနဲ့ အကူအညီတွေကို စစ်တပ်အာဏာပိုင်တွေက တဆင့် ပေးရမယ့်အစား၊ ဒေသခံ အဖွဲ့အစည်းတွေက တဆင့် အလျင်အမြန် လွတ်လပ်စွာပေးခွင့် ပြုသင့်တယ်လို့ ဆိုပါတယ်။

AR Media Group

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago