Categories: Blog

ငလျင်ကြောင့် ၁၄၄ ဦးသေဆုံးပြီး ၇၃၂ ဦး ဒဏ်ရာရဟု စစ်ခေါင်းဆောင်ပြောကြား။

AR Media Group- မတ်လ ၂၉ ရက်၊ ၂၀၂၅။

ယမန်နေ့ မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ၁၄၄ ယောက်သေဆုံးကာ ၇၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ယောက်၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်၊ ကျောက်ဆည်မှာ ၃၀ ၊ စုစုပေါင်း ၁၄၄ ယောက် သေဆုံးကြောင်းနဲ့ ဒဏ်ရာရသွားသူတွေကတော့ နေပြည်တော်ကောင်စီနယ်မြေမှာ ၁၃၂ ‌ယောက်၊ စစ်ကိုင်းမြို့မှာ ၃၀၀ နဲ့ ကျောက်ဆည်မြို့မှာ စိစစ်စဲအားလုံးပေါင်း ၇၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။”

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေဆဲဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူအရေအတွက် ဒီထက်ထပ်တိုးလာနိုင်ကြောင်း၊ ပြည်သူတွေအနေနဲ့လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တတ်နိုင်သလောက် ပါဝင်ကူညီပေးဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိမှာ ငလျင်ဒဏ်သင့်ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာထားပြီးတော့ ပြည်ပအကူအညီပေးနိုင်ရေးအတွက် အကူအညီ တောင်းခံထားတယ်လို့ ဆိုပါတယ်။

AR Media Group News

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago