Categories: Blog

ကြိမ်ချောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသူ့မိသားစုဝင်တွေအား အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က တွေ့ဆုံခွင့်မပြု ။

AR Media- မတ်လ ၂ ၂ ရက်၊ ၂၀၂၅။

အာရ်ကာန်ဒေသ ၊ မောင်တောမြို့ ၊ လသာရပ်ကွက်အပိုင် လသာရွာမှ မာမတ်တူဆောင်းရဲ့ သား အသက် ၄၄ နှစ်အရွယ် အဒူဟာလဲခ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့တွင် လသာ-ရွှေဇားကြားရှိ ချောင်းတွင် ငါးဖမ်းနေစဥ် စစ်လက်ကျန်မိုင်းနင်းမိလို့ ခြေတစ်ဘက် ပြတ်ထွက်သွား ခဲ့တာကြောင့် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ဆေးကုသမှုတွေ ပေးဖို့ ခေါ်ယူသွားခဲ့တဲ့ မောင်တောမြောက်ပိုင်းက ကြိမ်ချောင်းဆေးရုံကို မိသားစုဝင်တွေက သွားရောက်ကြည့်ရှူဖို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA နယ်မြေဆီကနေ ထောက်ခံချက် ယူပြီး သွားခဲ့ပေမယ့် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကြိမ်ချောင်းဂိတ်ဝစခန်းမှ တားမြစ်ခဲ့တာကြောင့် တွေ့ဆုံခွင့်မရပဲနဲ့ ပြန်လာရခဲ့တယ်လို့ သိရှိရပါတယ်။

မကြာသေးခင်က နေရပ်ပြန်ခွင့်ရတဲ့ ထဲက လသာရွာသားတချို့က စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့အတွက် လသာရွာနဲ့ ရွှေဇား ကျေးရွာကြားရှိ ချောင်းတွင် ငါးရှာပြီး အသက်မွေးဝမ်းနေကြတယ်၊၊ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့တွင် အဒူဟာလဲခ်ဟာ ၎င်းချောင်းတွင် ငါးရှာနေစဥ် စစ်ကျန်မိုင်းနင်းမိလို့ ဘယ်ဖက်ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့တယ်။ အသက်အန္တရာယ်ရှိနေတဲ့အတွက် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ကြိမ်ချောင်းဆေးရုံကို သယ်ယူသွားခဲ့တယ်။ ​

မောင်တောမြို့ပေါ် အနီးတစ်ဝိုက်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က နယ်မြေမှူးတွေဆီက တဝမ်းကွဲအစ်ကိုတော်စပ်သူနှစ်ဦးဖြစ်ကြတဲ့ လသာရွာနေ အာမာန်အူလ္လာ နဲ့ ရော်ဘီအူလ္လာတို့က ထောက်ခံချက် (ခွင့်ပြုချက်) ယူပြီး ကျီးကန်ပြင်-ကြိမ်ချောင်းကားလမ်းအတိုင်း ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့တွင် သူတွေ နှစ်ဦးစလုံးက သွားခဲ့ပေမယ့် ကြိမ်ချောင်းကျေးရွာအဝရှိ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ဂိတ်စခန်းမှ တားမြစ်ထားတယ်။ ဂိတ်စခန်းမှာ တာဝန်ကျနေသူတွေအား ထောက်ခံချက်ကို ထပ်တလဲလဲ ပြခဲ့သော်လည်း ဂိတ်ကို ဖြတ်ကျော်ခွင့် မပြုပါဘူး။ ဘယ်ထောက်ခံချက်တွေ ပြပြ အထက်အမိန့်အရ ငါတို့ ခွင့်ပြုလို့ မရပါဘူး။ မင်းတို့ ကုလားတွေအတွက် သွားလာခွင့်မရှိဘူး ဆိုပြီး ခွင့်မပြုတာနဲ့ တားမြစ်ထားတာနဲ့ တွေ့ဆုံခွင့်မရပဲ မျက်ရည်ကျကျ အိမ်ပြန်လာခဲ့ရတယ်လို့ ဒေသခံတစ်ဦးက AR Media ကို ပြောပါတယ်။

AR Media Daily News

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago