Categories: Blog

ကျောက်တလုံး ရိုဟင်ဂျာ ဒုက္ခသည်စခန်းက လူဦးရေ ၄၀ ခန့် စစ်မှုထမ်းခေါ်ယူခြင်းကို ရှောင်တိမ်းဖို့ စခန်းကနေ ထွက်ပြေးခဲ့ကြတာပါ။

AR Media Group မတ်လ ၂ ၂ ရက် ၊ ၂၀၂၅ ။

ကျောက်ဖြူမြို့နယ် ကျောက်တလုံး ရိုဟင်ဂျာ ဒုက္ခသည်စခန်းက လူဦးရေ ၄၀ ခန့်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းခေါ်ယူခြင်းကို ရှောင်တိမ်းဖို့ ပြီးခဲ့သည့် ၂၀၂၄ မတ်လအတွင်းက စခန်းကနေ ထွက်ပြေးခဲ့ကြတာပါ။

သူတို့ဟာ ပထမတုန်းက ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဇန်နဝါရီက ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ သူတို့ ယာယီ နေထိုင်ရာ နေအိမ်တွေ ဟာလည်း မီးလောင်ပြာကျသွားခဲ့ရပါတယ်။

ဒီနေ့အချိန်မှာတော့ ကျောက်ဖြူမြို့နယ်က ကျေးရွာတစ်ခုမှာ အကြမ်းဖက် ULA က နေရာချထားပေးသောလည်း နှစ်ထပ် ကွမ်း ဒုက္ခသည်အဖြစ်နဲ့ နေထိုင်စားသောက်ရေး အကူညီမဲ့ ဖြစ်နေကြတာပါ။

AR Media Group

Editor