မောင်တော ကညင်တန်းက ရိုဟင်ဂျာတွေရဲ့တိုက်အိမ် ၂၀၀ ကျော်အား အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ဆက်ချိပ်ပိတ်။

AR Media – မတ်လ ၂၃ ရက်၊ ၂၀၂၅။

အာရ်ကာန်ဒေသ ၊မောင်တောမြို့၊ကညင်တန်းရပ်ကွက်က ရိုဟင်ဂျာတွေရဲ့ တိုက်အိမ် ၂၀၈ လုံးအား စစ်ကောင်စီနဲ့ပူးပေါင်းတယ်လို့ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ပြီး ရိုဟင်ဂျာလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်လိုက်ပြီး ဆိုကာ အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA က ဆက်ချိပ်ပိတ်ထားတယ်လို့ သိရှိရပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲတွေကြောင့် ၂၀၂၄ ခုနှစ်၊သြဂုတ်လအတွင်း မြို့မကညင်တန်းရပ်ကွက်မှ ရိုဟင်ဂျာပြည်သူတွေရဲ့ နေအိမ်တွေအပေါ် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က တမင်ရည်ရွယ်ချက်ရှိ ဒရုန်းတွေဖြင့် ဗုံးတွေကြဲချခဲ့မှုကြောင့် နီးစပ်ရာ ရွာတွေဆီ အသက်လုပြီး ထွက်ပြေးခဲ့ရတဲ့အပြင် ကျန်ရှိခဲ့တဲ့ ရိုဟင်ဂျာတွေအား မောင်တောတောင်ပိုင်းနဲ့ မြောက်ပိုင်းသို့အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က စစ်ဘေးရှောင်တွေအဖြစ် ခေါ်ယူသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ယ္ခုတစ်ဖန် မောင်တောမြို့ထဲက ရိုဟင်ဂျာလုပ်ငန်းရှင်တွေရဲ့ နေအိမ်တချို့နဲ့ ကညင်တန်းရပ်ကွက်က နေအိမ် ၂၀၀ ကျော်အား စစ်ကောင်စီနဲ့ ပူးပေါင်းတယ်လို့ မဟုတ်မမှန် စွပ်စွဲကာ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA က ချိပ်ပိတ်သိမ်းပိုက်လိုက်တယ်။ ကညင်တန်းရပ်ကွက်က ဆိတ္တိလ္လာရွာမှ တိုက်အိမ် ၂၉ အိမ်၊ ကညင်တန်း(အနောက်၊အလယ်၊တောင်)ရွာတွေမှ တိုက်အိမ် ၁၇၉ လုံးနဲ့မြို့ထဲက တိုက်အိမ်တချို့(အတိအကျ စုံစမ်းနေ) အား အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်သိမ်းယူဖို့ ဆိုင်းဘုတ်အနီတွေ လာရောက် ချိတ်ဆွဲခဲ့တယ်လို့ သတင်းရင်းမြစ်အရ သိရပါတယ်။

အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်သိမ်းယူတဲ့ ရိုဟင်ဂျာလုပ်ငန်းရှင်ရဲ့နေအိမ်တွေမှာ

(၁)ဦးအာဘူးတာလဲခ်၊သုံးထပ်တိုက်အိမ်၊ ဘုတ်ဆိပ်လမ်း၊ရပ်ကွက်(၁)

(၂)ဦးမောင်ကျော် (ခေါ်) နူရ်မာမောတ်၊ သုံးထပ်တိုက်အိမ်၊ဆောက်လုပ်ရေးရုံးရှေ့၊ရပ်ကွက် (၁)၊

(၃) ဦးဟာရုံ (ဘ) အာဘူလ်၊ သုံးထပ်တိုက်အိမ်၊ ဘုတ်ဆိပ်လမ်း၊ရပ်ကွက်(၁)၊

(၄) ဦးရှော်ဘ္ဘိရ်၊ သုံးထပ်တိုက်အိမ်၊ဘုတ်ဆိပ်လမ်း၊ရပ်ကွက် (၁)၊

(၅)ဦးဆော်လာမောက်သ်၊ ရွှေအိုးတည်းခိုရိပ်သာပိုင်ရှင်၊နှစ်ထပ်တိုက်အိမ်၊ ဘုတ်ဆိပ်လမ်း၊ရပ်ကွက် (၁)၊

(၆) ဦးလှမြှိုင် (ခေါ်) ဖူတူ၊ ဆင်ဖြူတော်ရေခဲစက်ပိုင်ရှင်၊နှစ်ထပ်တိုက်အိမ်၊ ကမ်းနားလမ်း၊ရပ်ကွက်(၁)၊

(၇)ဦးအယုပ်၊နှစ်ထပ်တိုက်အိမ်၊ဘုတ်ဆိပ်လမ်း၊ရပ်ကွက်(၁)၊

(၈)ဦးအီဆုဖ်(ဘ)ဟာဂျီရှောမ်ရှုး၊သုံးထပ်တိုက်အိမ်၊ရပ်ကွက်(၅)၊

(၉)ဦးရာဇာ(ဘ)ဟီတာချီ(လျှပ်စစ်ပစ္စည်းဆိုင်)နှစ်ထပ်တိုက်အိမ်၊ရပ်ကွက်(၅)၊

(၁၀)ဦးပါဖူး(ဘ)နာဆဲရ်အူဒိန်း၊သုံးထပ်တိုက်အိမ်၊မဟာဗန္ဓုလလမ်း၊ရပ်ကွက်(၄)၊

(၁၁)ဦးမာမုန်ရော်ရှိတ်(သရဖူပရိဘောဂ)၊နှစ်ထပ်တိုက်အိမ်၊ရပ်ကွက်(၄)

(၁၂)ဦးအာနိုဝါရ်(ရှုဘီရွှေဆိုင်)၊သုံးထပ်တိုက်အိမ်၊ရပ်ကွက်(၂)၊

(၁၃)ဦးဆာဒဲက်၊နှစ်ထပ်တိုက်အိမ်၊မြောက်ရွာ၊ရွှေဇားကျေးရွာ၊

(၁၄)ဦးဇာဟိဒ်ဟူဆောင်း(ရွှေဆိုင်)နှစ်ထပ်တိုက်အိမ်၊မြောက်ရွာ၊ရွှေဇားကျေးရွာတွင် တိုက်အိမ်(၅)အိမ်

(၁၅)ဦးဆူဟိုက်လ်၊ တစ်ထပ်တိုက်အိမ်၊‌ အောက်ရွာ၊လသာရပ်ကွက်၊

(၁၆)အေကာရာမ်၊ နှစ်ထပ်တိုက်အိမ်၊‌လသာရွာ၊ လသာရပ်ကွက်

(၁ရ)အီဆုဖ်အာလီ၊ တစ်ထပ်တိုက်အိမ်၊‌ ဘာဆူဖာရွာ၊ လသာရပ်ကွက်

စာရင်းကောက်ခံရရှိနေပြီး ကျန်ရှိနေသေးတဲ့ စာရင်းကို အတိအကျ
သိရှိဖို့ ဆက်လက် စုံစမ်းနေပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းတယ်လို့ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ပြီး ရိုဟင်ဂျာလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA က ဆက်ချိပ်ပိတ်ထားပေမယ့် မောင်တောမြို့ခံတွေထဲက စစ်အုပ်စုနဲ့ နီးစပ်တဲ့ မောင်မောင်ကျော် (MK ဆိုင်ပိုင်ရှင်) ၊ ဒေါ် ခင်စော်ဝေ (၄)ရပ်ကွက်၊ ထွန်းလှစိန် (၁) ရပ်ကွက်၊ မောင်လှဖြူ (၃) ရပ်ကွက်နဲ့ နီမောင်ချေ (၁) ရပ်ကွက်တို့ရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်တာ မရှိသေးတဲ့အပြင် ဘူးသီးတောင်မြို့ခံတွေထဲ ယခင်စစ်အုပ်စုနဲ့ နီးစပ်တဲ့ ရခိုင်လုပ်ငန်းရှင်တွေဖြစ်တဲ့ မောင်ရွှေသိန်း၊ မောင်ကာလူ၊ မဟာစံပွဲရုံအုပ်စုနဲ့ ရွှေလုပ်ငန်းရှင် ဦးတင်စိုးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တော့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်တာ မရှိသေးတဲ့အတွက် အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA က ရိုဟင်ဂျာတိုင်းရင်းသားတွေရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းပိုက်နေတဲ့ ရည်မှန်းချက်မူဝါဒကတော့ ရာစုပေါင်းများစွာ ရိုဟင်ဂျာတွေ ခေါင်းမထောင်နိုင်အောင် နောင်လာမယ့်မျိုးဆက်တွေ ကျွန်လိုလို ကျွန်ဘဝတွေ ခံနေနိုင်အောင် ရက္ခီတိ နာမည် ပေးထားတဲ့လမ်းစဥ်အတိုင်း ရည်ရွယ်ချက်ရှိရှိ ရိုဟင်ဂျာတွေရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူနေတယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက AR Media ကို ပြောတယ်။

AR Media Daily News

Leave a Reply

Your email address will not be published. Required fields are marked *