ဖမ်းမိငါးဖမ်းသမား ၂၁ ဦးအား AA မှ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံ လွှဲပြောင်းပေး

AR Media Group မတ် ၁၅ ရက် ၊ ၂၀၂၅
အကြမ်းဖက်ရခိုင်လက်နက်ကိုင်အဖွဲ့(AA) သည် ဖမ်းဆီးထားသည့် ငါးဖမ်းသမား ၂၁ ဦးကို ပြန်လွှတ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင် အကြမ်းဖက်ရခိုင်လက်နက်ကိုင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့ ထုတ်ပြန်သည်။
အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA သည် အာရကာန်ပိုင်နက်ပင်လယ်ပြင်တွင် ငါးဖမ်းသမားတွေ ဖမ်းမှုများ မပြုလုပ်ရန် သတိပေးထားသော်လည်း အဆိုပါ လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပိုမိုထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း ဦးခိုင်သုခက ပြောကြားသည်။
အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA သည် ယခင်နှစ်ကုန်ပိုင်းတွင်လည်း တရားမဝင် ငါးဖမ်းမှုကြောင့် ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများကို ယခုကဲ့သို့ပင် ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းမိသူများအား နောက်ထပ် ကျူးလွန်မှုများ မပြုရန် ခံဝန်လက်မှတ် ရေးထိုးစေပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ထုတ် ပြန်သည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်ရေလုပ်သားများ၏ လူမှုစီးပွားရေးအခက်အခဲများကို ထောက်ထားသည့် သက်ညှာမှုအနေနှင့် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA မှ ထုတ်ပြန်သော်လည်း နောင်တွင် AA ရေပိုင်နက်အတွင်း တ ရားမဝင် ငါးဖမ်းမှုများ ဆက်လက်ကျူးလွန်ပါက သက်ဆိုင်ရာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Reported by : AR Media Group