ရိုဟင်ဂျာပိုင်ဆိုင်မှုတွေကို သိမ်းယူပေမယ့် စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ရခိုင်လုပ်ငန်းရှင်တွေရဲ့ နေအိမ်တွေကိုအကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်တာမရှိသေး

AR Media- မတ်လ ၁၁ ရက်၊ ၂၀၂၅။

အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA/ULA က မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ပြီး မောင်တောခရိုင်အတွင်းက မြို့ခံရိုဟင်ဂျာစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းယူပေမယ့် စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ရခိုင်လုပ်ငန်းရှင်တွေရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်တာ မရှိသေးလို့ ဒေသခံပြည်သူတွေက ဝေဖန်နေပါတယ်လို့ သိရှိရပါတယ်။

ယနေ့ မတ်လ ၁၁ ရက်နေ့က မောင်တောမြို့၊ လသာရပ်ကွက်အပိုင် လသာရွာက အေကာရာမ်(ဘ) အာလောမ်ရဲ့ နေအိမ်နဲ့ ဘာဆူဖာရွာက
ဂျီယာဘုလ်ဟောက်(ဘ)အိစွပ်အာလီရဲ့နေအိမ်တွေကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA/ULA က
စစ်ကောင်စီနဲ့ ပူးပေါင်းတယ်လို့ ဝါဒဖြန့်ပြီး ချပ်ပိတ်ထားတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ရခိုင်တွေနဲ့ရော ရိုဟင်ဂျာတွေနဲ့ပါ ခင်မင်ရင်းနီးသူတွေ ဖြစ်ပြီး တစ်ချိန်လုံး အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA နဲ့ ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေ လည်း ဖြစ်ကြောင်းလည်း သိရပါတယ်။အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA စွပ်စွဲသလို စစ်ကောင်စီနဲ့ ဆက်စပ်သူ မဟုတ်ဘဲ သာမန်စီးပွားရေးလုပ်ငန်းရှင်သာ ဖြစ်တယ်။ အချို့ရခိုင်တွေက သူတို့ ပိုင် ပစ္စည်းဥစ္စာတွေကို မတရားအုပ်ချင်လို့ အခုလို မဟုတ်တဟုတ် သတင်းမှားလွှင့်တာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက AR Media ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က မောင်တောမြို့ ရွာသစ်ကေရပ်ကွက်ရှိ အ.မ.က(မူလွန်) ကျောင်းရှေ့က ဟာဂျီရှောင်ရှူးရဲ့ သား အီဆုဖ်ရဲ့ နေအိမ်ကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ဆိုင်းဘုတ်အနီ ချိတ်ဆွဲပြီး ချိပ်ပိတ်ထားသလို
ရပ်ကွက် (၄) က မဟာဗန္ဒူလရုပ်ထုရှိတဲ့ သိရိမဂ်လားခန်းမရဲ့ အနောက်ဖက်ရှိ ဝင်းနိုင် (ရိုဟင်ဂျာ)ရဲ့ နေအိမ်ကိုလည်း အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်ထားတယ်လို့ သိရှိရပါတယ်။ ၄င်းတို့သည် နှစ်ယောက်စလုံးဟာ
ရခိုင်တွေနဲ့ရော ရိုဟင်ဂျာတွေနဲ့ပါ ခင်မင်ရင်းနီးသူတွေ ဖြစ်ပြီး တစ်ချိန်လုံး အကြမ်းဖက်ရခိုင်လက်နက်ကိုင်AA နဲ့ ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေ လည်း ဖြစ်ကြောင်းလည်း သိရပါတယ်။

သို့ပေမယ့် မောင်တောမြို့ခံတွေထဲက စစ်အုပ်စုနဲ့ နီးစပ်တဲ့ မောင်မောင်ကျော် (MK ဆိုင်ပိုင်ရှင်) ၊ ဒေါ် ခင်စော်ဝေ (၄)ရပ်ကွက်၊ ထွန်းလှစိန် (၁) ရပ်ကွက်၊ မောင်လှဖြူ (၃) ရပ်ကွက်နဲ့ နီမောင်ချေ (၁) ရပ်ကွက်တို့ရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်တာ မရှိသေးတဲ့အပြင် ဘူးသီးတောင်မြို့ခံတွေထဲ ယခင်စစ်အုပ်စုနဲ့ နီးစပ်တဲ့ ရခိုင်လုပ်ငန်းရှင်တွေဖြစ်တဲ့ မောင်ရွှေသိန်း၊ မောင်ကာလူ၊ မဟာစံပွဲရုံအုပ်စုနဲ့ ရွှေလုပ်ငန်းရှင် ဦးတင်စိုးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တော့ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်တာ မရှိသေးဘူးလို့ မြို့ခံအသိုင်းအဝိုင်းက ပြောပါတယ်။

အာရ်ကာန်ဒေသ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရပြီး အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ခွင့်ပြုလို့ နေရပ်ပြန်ခွင့်ရတဲ့ မောင်တောမြို့နယ် ရွှေဇားကျေးရွာက နေအိမ်တွေထဲ တိုက်အိမ် ၅၀ ကျော်နဲ့မြို့ထဲက ကညင်တန်းရပ်ကွက်က
တိုက်အိမ် ၃၀ ကျော်ကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ချိပ်ပိတ်သိမ်းယူဖို့ ဆိုင်းဘုတ်အနီတွေ လာရောက် ချိတ်ဆွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

AR Media Daily News

Leave a Reply

Your email address will not be published. Required fields are marked *