နတ်မြစ်အတွင်း ငါးဖမ်းမှုဖြင့် ဖမ်းဆီးခံထားရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၉ ဦးကို AA (ရခိုင်အကြမ်းဖက်အဖွဲ့) က ပြန်လွှတ်ပေးခဲ့ကြောင်း၊

AR Media Group ဖေဖော်ဝါရီ ၂၈/
နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားတွေကို ရခိုင် အကြမ်းဖက် (AA) က ဖမ်းဆီးပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီး တချို့ကိုတော့ မကြာခင် ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က ဘင်္ဂလာဒေ့ရှ် အခြေစိုက် Dhaka Tribune ၏ အစီရင်ခံစာအရ အကြမ်းဖက် AA သည် မကြာသေးမီ ရက်ပိုင်းအတွင်း ထိန်းသိမ်းခံထားရသော ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၂၉ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လူ ၂၉ ဦးအား Teknaf ရှိ Shah Porir Dwip တံတားမှတစ်ဆင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သို့ ဖေဖော်ဝါရီ ၂၇ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။
“နတ်မြစ်ဝမှ အကြမ်းဖက်ာ AA က ဖမ်းဆီးထားတဲ့ ရေလုပ်သား ၂၉ ဦးကို ပြန်ခေါ်လာပါပြီ။ ကျန်းမာရေး စစ်ဆေးပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီးတဲ့အခါ သူတို့ရဲ့ မိသားစုတွေကို လွှဲပြောင်းပေးမှာပါ” ဟု Teknaf ၏ Upazila Nirbahi အရာရှိ Sheikh Ehsan Uddin က ပြောကြားခဲ့သည်။
ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမားများကို ပြန်လွှတ်ပေးရန် BGB မှ အကြမ်းဖက် (AA) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၂၀ ရက်တို့တွင် အကြမ်းဖက် AA က နတ်မြစ်တွင် ငါးဖမ်းမှုဖြင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးခဲ့သည်။
ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမားများသည် အာရ်ကာန်ဒေသ မောင်တောမြို့အနီး နတ်မြစ်အတွင်း မကြာခဏ ငါးဖမ်းလေ့ရှိပြီး AA ကမ်းရိုးတန်းစောင့်တပ်က ၎င်းတို့အား စောင့်ကြည့် ဖမ်းဆီးလျက်ရှိသည်။
တချို့ ပုဂ္ဂိုလ် နှင့် ငါးဖမ်းသမာများ၏အဆို အရ အကြမ်းဖက် အေအေ သည် ငါးဖမ်းသမားများအား မကြာခဏ ဖမ်းဆီးခြင်း ပြန်လွှတ်ပေးခြင်းသည် ဘဂ်လာဒေ့ချ် အစိုးရ နှင့် ဆက်ဆံရေး တည်ဆောက်ရန် ရည်ရွယ် သည်ကို တွေ့ရသည်ဟု ဆိုသည်။
AR Media Group