နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၁ ဦးနဲ့အတူ ငါးဖမ်းလှေ ၂ စင်းအားအကြမ်းဖက် AAက ထပ်မံဖမ်းဆီးခေါ်ဆောင်သွား

AR media Group- ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၅။
မြန်မာပိုင်နက်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၁ ဦးနဲ့ ငါးဖမ်းလှေ ၂ စင်းအား အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရှိရတယ်။
အကြမ်းဖက်AA ကင်းလှည့်အဖွဲ့က မောင်တောမြို့နယ်၊သင်္ဘောကွေ့ရိုဟင်ဂျာရွာရဲ့ အနောက်ဖက်တွင် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၅ ဦးပါ စက်လှေတစ်စီးကို ဖမ်းဆီးခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၆ ဦးပါ ငါးဖမ်းလှေနောက်တစ်စီးကို ဖမ်းဆီးခဲ့တယ်လို့ သတင်းရင်းမြစ်အရ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ နေ့ကလည်း နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၁၉ ဦးနဲ့ ငါးဖမ်းလှေ ၄စီး တို့ကို အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ဖမ်းဆီးထားတယ်လို့လည်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်နှင့် နေ့လည် ၃ နာရီအချိန်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းဘုတ် ၂ စီး ( ရေလုပ်သား ၁၀ ဦး) ကို မြန်မာပိုင်နက်တွင်း မောင်တောမြို့နယ် မကျည်းချောင်း ကမ်းခြေအနီးတစ်ဝိုက်မှ ဖမ်းဆီးခဲ့သည်ဟု အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကင်းလှည့်အဖွဲ့က ကြေညှထားတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ မနက် ၆ နာရီခန့်မှာ ဘဂ်လားဒေ့ချ်ရှိ
ဒုက္ခသည်စခန်းများက ငါးဖမ်းဖို့ သွားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၄ ဦး ကိုအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ဖမ်းဆီးထားတယ်။ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ််သက်ပြီးတော့ အကြမ်းဖက် ULA/AA က ယနေ့ထိ ဘာရည်ရွယ်ချက်နှင့် သတင်းထုတ်ပြန်ခဲ့တာ မရှိသေးသည့်အတွက် သူတို့အားအကြမ်းဖက်ရခိုင်လက်နက်ကိုင်AA က တစ်ခုခု လုပ်မှာကို စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု အဖမ်းခံရသူတွေရဲ့ မိသားစုဝင်များက ရင်နာနာနဲ့ ပြောကြားခဲ့တယ်။
ရခိုင်လက်နက်ကိုင်AA က ဖမ်းဆီးထားသူများ၏ အမည်များမှာ-
(၁) မာမတ် ရှော်ဖိ (ဘ) အာဘုလ်အာရှိမ် (၃၇)နှစ်
(၂) ရှာအာလောမ် (ဘ) မာမတ် ရှောဖိ (၂၀)နှစ်
(၃) အဗ်ဒုလ်ဟာဖဲစ် (ဘ) ရှာအာလောမ် (၂၅)နှစ်
(၄)အဒူဆော်လာမ် (ဘ) အဒူရှူက္ကူရ် (၂၇)နှစ်
(၅) ဆော်လိမ်အူလ္လာ (ဘ) ရာဟ်မောတ်အူလ္လာ (၃၀)နှစ်
(၆) မာမတ် ဆော်လိမ် (ဘ) မူဟာမတ် ရော်ဖိတ် (၂၈)နှစ် စသည့်
၂၄ ဦး တို့ကို ဖမ်းဆီးထားသည်။
AR Media Daily News