အစ္စရေး နှင့် ဟာမာစ် ဆက်လက်အပစ်အခတ်ရပ်နိုင်ရေး အီဂျစ်နဲ့ ကာတာနိုင်ငံတွေကကြိုးပမ်းနေ

ရက်စွဲ ၁၃/ ၀၂/ ၂၀၂၅

လာမယ့်စနေနေ့မှာ ဖမ်းဆီးထားတဲ့ဓားစာခံတွေကို ပြန်မလွှတ်ဘူးဆိုရင် ငရဲကျသလို တိုက်ခိုက်ခံရမယ် လို့ အမေရိကန်သမ္မတ Donald Trump ပြောထားတဲ့အတိုင်း အစ္စရေးကာကွယ်ရေးဝန်ကြီးကလည်း ပြောလိုက်ပါတယ်။

အစ္စရေးနဲ့ Hamas ကြား အပစ်အခတ်ဆက်လက် ရပ်ထားနိုင်ရေး ညှိနှိုင်းသူတွေ ဆွေးနွေးနေကြတာနဲ့ တချိန်တည်းမှာ အစ္စရေးစစ်တပ်က အရန်တပ်ဖွဲ့ဝင်တွေကိုလည်း ဆင့်ခေါ်ထားပါတယ်။ အခုစနေနေ့ ကျရင် Hamas စစ်သွေးကြွအဖွဲ့က ဖမ်းထားတဲ့ ဓားစာခံတွေပြန်လွှတ်ရေးကို ရပ်ထားမယ်ဆိုရင် အပစ်အခတ်ရပ်ထားတော့မှာ မဟုတ်ဘဲ စစ်ပြန်ဖြစ်မယ်လို့ ကာကွယ်ရေးဝန်ကြီး Israel Katz က ပြောကြားခဲ့ပါတယ်။ တိုက်ပွဲတွေ ပိုပြင်းထန်မှာဖြစ်သလို သမ္မတ Trump ရဲ့ဂါဇာဒေသ အမြင်အတိုင်း လက်တွေ့ဖြစ်လာလိမ့်မယ်လို့ သူက ခြိမ်းခြောက်ပြောခဲ့ပါတယ်။

အစ္စရေးနဲ့ Hamas ကြား အပစ်အခတ်ရပ်စဲရေး တည်မြဲနေဖို့ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက ကြားဝင် ပေးသူတွေ ညှိနှိုင်းဆွေးနွေးနေကြတယ်လို့ အီဂျစ်က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ Al-Qahera သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဂါဇာဒေသအပေါ် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေသလို အကူအညီတွေ ပေးပို့လို့ မရအောင်တားဆီးပြီး အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ Hamas အဖွဲ့ကစွပ်စွဲခဲ့တာကြောင့် ဆက်လက် အပစ်ရပ်ထားရေးအတွက် မရေမရာဖြစ်နေပါတယ်။

Editor

Recent Posts

AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072 AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။ ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့…

1 month ago