AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို အဝင် ပိတ်ပင်လိုက်ပြီး မောင်တောမြောက်ပိုင်းသို့ အင်းအား ဖြည့်တင်းနေ

Oplus_131072

AR Media Group -ဇူလိုင် ၄ ရက်၊ ၂၀၂၅။

ရခိုင်လက်နက်ကိုင် AA က အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်ပြီ မောင်တောမြို့နယ် မြောက်ပိုင်းစွန်းသို့ တပ်အင်အား၊ လက်နက်ခဲယမ်း၊ လက်နက်ကြီးတွေနဲ့ ဒရုန်းတွေ အပါအဝင် အင်အား ဖြည့်တင်းနေတယ် လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့တွင် မင်္ဂလာကြီး၊ ကျောက်လှေကား၊ ပြင်ဖြူ ၊ ပေါင်းဇား၊ လှဘော်ဇား၊ သရက်အုပ်နဲ့ ရွှေဇား ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လှဖိုးခေါင်းကယ်ဆယ်ရေးစခန်းရှေ့က ရခိုင်လက်နက်ကိုင် AAရဲ့ နခခ(၁၀) သို့ ဆင့်ခေါ်ပြီး အစည်းအဝေးတစ်ရပ် လုပ်ခဲ့တယ်လို့ သိရပါတယ်။

” အစည်းအဝေးအတွင်း ရခိုင်လက်နက်ကိုင် AA တပ်ရင်းမှူးက အာရ်ကာန်-ဘင်္ဂလားနယ်စပ်ကို ပိတ်ပင်လိုက်တယ်။ ဘင်္ဂလားဖက်မှ လူတွေ အဝင်မခံနိုင်အောင် လုံခြုံရေး တိုးမြင့်ထားတယ်။ ဘယ်သူလာလာ တွေ့ရင် ပစ်မယ်။ အကယ်၍ ဘင်္ဂလားဖက်မှ စစ်ဘေးရှောင် တစ်ဦးဦး ကျေးရွာအတွင်း ရောက်ရှိလာတဲ့ သတင်းတွေ ကြားရင် အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှုးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်။ အာရ်ကာန်ဖက်မှ ဘင်္ဂလားဖက်သို့ ထွက်သူတွေရှိရင် ထွက်ခွင့်ရှိတယ်။ အယောက် ၅၀၀ – ၁၀၀၀ ဖြစ်ဖြစ် နေ့ရောညပါ ထွက်ခွင့်ရှိတယ်။ ဘင်္ဂလားဖက်မှ မောင်တောဖက်သို့ လုံးဝ ဝင်ခွင့်မရှိဘူးလို့ AA တပ်ရင်းမှုးက ခြိမ်းခြောက်ပြောလိုက်ပါ တယ်” လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့တယ်။

ထို့သို့ ရခိုင်လက်နက်ကိုင် AAက နယ်စပ်ကို ပိတ်ပင်လိုက်တာကြောင့် ရခိုင်လက်နက်ကိုင် AA ခွင့်ပြုချက်နဲ့ ဆေးကုသမှုတွေ ခံယူဖို့ သွားခဲ့တဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားနယ်စပ်မှာ သောင်တင်နေတယ်။ သူတို့တွေက ရခိုင်လက်နက်ကိုင် AA ခွင့်ပြုချက်နဲ့ သွားခဲ့တာ၊ ခွင့်ပြုချက်အတွက် ၂ သိန်းမှ ၃ သိန်းအထိ AA နယ်မြေမှူးတွေကို ပေးဆောင်ခဲ့ပြီး ဆေးကုသဖို့ သွားခဲ့တာပါ။ခုတော့ ရခိုင်လက်နက်ကိုင် AA က နယ်စပ်ကို ပိတ်ပင်လိုက်တာကြောင့် မိမိနေရပ်သို့ ပြန်လာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်လက်နက်ကိုင် AA ခွင့်ပြုချက်နဲ့ ဆေးကုသဖို့ သွားခဲ့သူတွေရဲ့ မိသားစုဝင်တွေက ဆိုကြပါတယ်။

ထို့အပြင် ရခိုင်လက်နက်ကိုင် AA က မောင်တောမြောက်ပိုင်းစွန်းသို့ တပ်အင်အား၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေအပါအဝင် တခြား လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်။ မောင်တောတွင် တပ်စွဲထားတဲ့ ရခိုင်လက်နက်ကိုင် AA စခန်းတွေမှ တပ်သားတွေ ထက်ဝက်ကျော်ကျော်ကို ပြောင်းရွှေ့နေတာပါ။ မောင်တောတောင်ပိုင်းနဲ့ ဘူးသီးတောင်မြို့နယ်မှလည်း အများအပြား စစ်ကားတွေဖြင့်လည်း တပ်အင်အားတွေ ဖြည့်တင်းနေတယ်။ လက်ရှိ ရခိုင်လက်နက်ကိုင် AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ယခင်နဲ့ သိပ်ကွာခြားနေတယ်လို့ မျက်မြင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

AR Media Group

Editor

Recent Posts

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ပညာရေးအရည်အချင်းမြှင့်တင်ရေး စာစစ်ဘုတ်အဖွဲ့အသစ်ဖွဲ့စည်း

AR Media Group မေလ ၂ ရက်၊၂၀၂၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် တည်နေထိုင်နေသော ရိုဟင်ဂျာဒုက္ခသည်များ၏ ပညာရေးအရည်အချင်းများ မြှင့်တင်နိုင်ရေးအတွက် စာမေးပွဲစစ်ဆေးမှုများကို ညှိနှိုင်းပြီး ဗဟိုစနစ်ဖြင့်…

3 months ago