အကြောက်တရားအောက်တွင် နေထိုင်ရတဲ့ ငန်းချောင်းမှ ရိုဟင်ဂျာတွေနေစဥ်ရက်ဆက် ဆက်ကြေးနဲ့ ဆန် ၅ အိတ်စီအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA ကို ပေးနေရ

AR Media – မတ်လ ၁၃ ရက်၊ ၂၀၂၅။

အာရ်ကာန်ဒေသ၊ မောင်တောမြောက်ပိုင်းက ငန်းချောင်းကျေးရွာတွင် နေထိုင်ကြတဲ့ ရိုဟင်ဂျာပြည်သူတွေမှာ အကြောက်တရား အောက်တွင် နေထိုင်နေရပြီး လုံခြုံစိတ်ချမှုကို မခံစားရဘဲ နေ့စဥ်ရက်ဆက် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အတွက် ဆန် ၅ အိတ်စီ ပေးနေရပါတယ််လို့ သတင်းရရှိပါတယ်။

ငန်းချောင်းကျေးရွာတွင် နေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင် မရှိ၊ ပြည်တွင်းပြည်ပ ဝင်ငွေလည်း မရှိပဲနဲ့ စားဝတ်နေရေး အလွန်ပင် ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အကြမ်းဖက် ရခိုင်လက်နက်ကိုင်AA အတွက် နေ့စဥ်နေတိုင်း ဆန်အိတ် ၅ အိတ်စီနဲ့ အခြား လိုအပ်ချက်တွေကို ပို့ပေးရတယ်။ ရွာသားတွေ ဝိုင်းဝန်းပြီး ပေးရတယ်။ မပေးလို့ မရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ နောက်ဆုံးအပတ်တွင်လည်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA အတွက် စောင် ၂၀၀ ထည် ပေးခဲ့ရတယ်။

ငန်းချောင်းကျေးရွာက ဂုံးနားရွာလိုမျိုး အတင်းအဓ္ဓမ ရွာကနေ နှင်ထုတ်ခံရမှာကို စိုးလို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA တောင်းသမျှ ပစ္စည်းတွေကို ပေးနေရပါတယ်။ နှင်ထုတ်ခံရရင် ဆယ်စုနှစ် ရှာဖွေစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ဆုံးရှူံးခဲ့ရမှာပါ။ ငန်းချောင်းကျေးရွာအုပ်စု၊ ဂုံးနားရွာကနေ ရိုဟင်ဂျာ အားလုံးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကြမ်း ဖက် ရခိုင်လက်နက်ကိုင် AA က အတင်းအဓမ္မ နှင်ထုတ်ပြီးနောက် နေအိမ်တွေမှာ ထားရစ်ခဲ့ရတဲ့ ဗီရိုတွေ၊ ကုတင်တွေ၊ ဆိုလာပြား၊ဘတ်တားရီ၊ ကျွဲ၊ နွား၊ ဆိတ်များအပြင် အိမ်သုံးပစ္စည်းတွေ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေ အားလုံးကို လူသူမရှိတဲ့ ဆိုပြီး ရခိုင်လူမျိုးတွေက လုယူဆောင်သွားခဲ့တယ်”လို့ သတင်းရင်းမြစ်တစ်ဦးက AR Media ကို ပြောပါတယ်။

မောင်တောမြောက်ပိုင်းက ရိုဟင်ဂျာပြည်သူတွေအတွက် နေ့ရက်တိုင်းဟာ ကြေကွဲဖွယ်ဖြစ်ကြောင်း၊ ဘယ်နေ့ဘယ်ချိန်မှာအကြမ်းဖက် ရခိုင်လက်နက်ကိုင် AAရဲ့ အကြောင်းမဲ့ ဖမ်းဆီးမှုတွေ၊ ရွာကနေ နှင်ထုတ်ခံမှုတွေ၊ ညှဥ်းပန်းနှိပ်စက်မှု၊ စတဲ့ အကြောက်တရားအောက်တွင် နေထိုင်နေရပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ လုံခြုံစိတ်ချမှုကို မခံစား ရကြောင်း၊ ရိုဟင်ဂျာပြည်သူတွေ အနေဖြင့် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AAရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်၊ နိုင်ထက်စီးနင်းမှု အကျင့်ပျက် ခြစားမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ နေ့စဥ်လိုလို လုပ်အားပေးနေရမှုတွေ ခါးစည်းခံနေရကြောင်း၊ တခြားမျိုးနွယ်စုလိုမျိုး လွတ်လပ်စွာ သွား လာ ခွင့် ကန့်သတ်ခံရမှုတွေ၊ လူသားချင်းစာနာမှုအခြေအနေကလည်း အမှန်တကယ်ပင် အလွန်အမင်း ဆိုးရွားလျက်ရှိကြောင်း ကြက်ရိုးပြင်ရွာသားတစ်ဦးက AR Media ကို ပြောပါတယ်။

အကြမ်းဖက် ရခိုင်လက်နက်ကိုင်AAက ဂုံးနားရွာသားတွေကို ရွာကနေ နှင်ထုတ်ပြီးနောက် ထားခဲ့ရစ်တဲ့ ပိုင်ဆိုင်မှုတွေကို ရခိုင်လူမျိုးတွေက လုယူသွားတဲ့သက်သေခံဗွီဒီယိုကို ဆိုရှယ မိဒီယါ ၌ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

AR Media Daily News

Leave a Reply

Your email address will not be published. Required fields are marked *