အကြမ်းဖက် AA သည် မောင်တောမြို့နယ်ရှိ ဈေးဆိုင်များနှင့် ဈေးသည်များမှ ပစ္စည်းများ လုယက်နေ

အကြမ်းဖက် AA အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာပိုင် ဆိုင်များနှင့် ဈေးသည်များမှ ပစ္စည်းများ အတင်းအဓမ္မ လုယက်ပြီး ခြိမ်းခြောက် အကျပ်ကိုင်လျက် ရှိသည်။

ပြင်ပျူကျေးရွာတွင် တည်ရှိသော တပ်ရင်း (၄) မှ အကြမ်းဖက် AA မှ အဖွဲ့ဝင်အချို့သည် ရိုဟင်ဂျာပိုင် ဆိုင်များနှင့် ဈေးများမှ ကုန်ပစ္စည်းများကို ခြိမ်းခြောက်အကျပ်ကိုင်လျှက် လုယူ စားသုံးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

ပြင်ပျူ ကျေးရွာမှ ဈေးဆိုင်များနှင့် စျေးသည်များမှ တပ်ရင်း (၄)မှ အကြမ်းဖက် AA အဖွဲ့ဝင်များက ပိုက်ဆံမပေးဘဲ မကြာခဏ လုယက်နေကြတာပါ။ အဲဒီအစား၊ သူတို့က ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ဒါမှမဟုတ် စစ်အာဏာရှင်တွေနဲ့ အဆက်အစပ်ရှိတယ်လို့ စွပ်စွဲပြီး ဆိုင်ပိုင်ရှင်တွေကို ခြိမ်းခြောက်ပါတယ်။

အကြမ်းဖက် AA အဖွဲ့ဝင်အချို့သည် ပစ္စည်းများကို ထက်ဝက်ဈေးဖြင့် ဝယ်ယူသော်လည်း အများစုမှာ ဓားပြများကဲ့သို့ အတင်းအဓမ္မ လုယူသွားကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောပြသည်။ ဆိုင်ပိုင်ရှင်များက ငွေပေးချေရန် တောင်းဆိုသောအခါတွင် ခြိမ်းခြောက်မှုများနှင့် လူမျိုးရေးအရ ဆဲဆိုမှုများနှင့် ကြုံတွေ့ရပြီး အဖွဲ့ဝင်များက ဘာလို့ ပိုက်ဆံတောင်းတာလဲ ကုလား ဟုသာဖြေကြသည်။

ဆိုင်ပိုင်ရှင်တဦးက အကြမ်းဖက် AA အဖွဲ့ဝင်တချို့ အရက်မူးပြီး ဆိုင်ကို ရောက်လာတယ်။ ပိုက်ဆံမပေးဘဲ သူတို့လိုချင်တာကို ယူလိုက်ကြတယ်။ ပိုက်ဆံတောင်းတဲ့အခါ သူတို့က ‘ငါတို့ပေးမှာမဟုတ်ဘူး၊ မင်းလိုချင်တဲ့သူကို ဘယ်နေရာမှာမဆို တိုင်ကြားနိုင်တယ်’ လို့ ခြိမ်းခြောက်‌ လျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *