ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်မှုအောက် အာရ်ကာန်ဒေသခံရိုဟင်ဂျာများ သွားလာလွတ်လပ်မှု ဆုံးရှုံး

ရခိုင်လက်နက်ကိုင်AA ထိန်းချုပ်မှုအောက်ရောက်နေကြတဲ့ မောင်တောတောင်ပိုင်းနဲ့ မြောက်ပိုင်းက ဒေသခံရိုဟင်ဂျာတွေအား တစ်နေရာကနေ တစ်နေရာသို့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို ကန့်သတ်တားမြစ်ထားပြီး ကျီးကန်းပြင် ဌာနချုပ်ဘက်ကို သွားလာဖြတ်သန်းခွင့်ကို ပိတ်ပင်ထားသည်။ စစ်ကောင်စီလက်ထက်တွင် ထောက်ခံချက်မဲ့ သွားလာခွင့် ရရှိခဲ့သော်လည်း ယခုအခါ အကြမ်းဘက် AA ၏ထိန်းချုပ်မှုကြောင့် ဒေသခံရိုဟင်ဂျာများ၏ လူမှုဘဝမှာ ပိုမို၍ ခက်ခဲကျပ်တည်းလာသည်။

အကြမ်းဘက် လက်နက်ကိုင် AA က ဘူးသီးတောင်တစ်မြို့လုံးကို သိမ်းပိုက်ပြီးနောက် စစ်ဘေးရှောင်နဲ့ ဒေသခံရိုဟင်ဂျာတွေဟာ ဘေးရန်ပေါင်းစုံ့၊ ငတ်မွတ် ခေါင်းပါးမှုများနဲ့ ကြုံတွေ့နေကြရပါတယ်။ အလုပ်အကိုင်လည်း မရှိ၊ စားဝတ်နေရေး အလွန်ခက်ခဲနေတဲ့ကြားမှာဆေးဝါးတွေလည်း အလွန်စျေးကြီးနေကြောင်း တစ်နေ့မှာ ထမင်းနှစ်နှပ် ပုံမှန် မစားနိုင်တဲ့ မိသားစုတွေ အများကြီး ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *