မြန်မာနိုင်ငံအတွင်း ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပွား ။

AR Media Group မတ်လ ၂၉ ရက် ၊ ၂၀၂၅ ။

မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် အာရ်ကာန်ဒေသအပါအဝင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် အခြားဒေသများတွင် ရစ်ချ်စတာစကေး ၇.၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားခဲ့သည်။ ဤငလျင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျမှု၊ အထပ်မြင့်အဆောက်အအုံများ ပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ပြင်းထန်နေသည်ဟု သိရှိရသည်။

လက်ရှိအခြေအနေအရ မတည်ကြည်မှုများ ဆက်လက် ဖြစ်ပွားနိုင်မှုရှိသောကြောင့် ပြည်သူများ သတိရှိ၍ အရေးပေါ်ရပ်ရွာများသို့ ရွှေ့ပြောင်းနေထိုင်မှုများ ပြုလုပ်နေကြ သည်။ လူမှုကွန်ရက်များတွင် ပျံ့နှံ့လာသော သတင်းအရ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိနိုင်ခြေ ရှိသော်လည်း တိတိကျကျ အတည်ပြုနိုင်သော အချက်အလက်များ မရှိသေးပေ။ AR Media Group

Leave a Reply

Your email address will not be published. Required fields are marked *