မောင်တောမြောက်ပိုင်းရှိ သရက်အုပ်ကျေးရွာက ရိုဟင်ဂျာမိန်းကလေးငယ် အသတ်ခံရမှုဖြစ်စဉ်

AR Media Group ၕပြီလ ၅ ရက် ၊ ၂၀၂၅
မောင်တောမြို့နယ်မြောက်ပိုင်း၊ သရက်အုပ်ကျေးရွာတွင် နေထိုင်သူ ဂျီယိုရာမန်၏ သမီး၊ အသက် ၁၀ နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦးသည် ဧပြီ ၁ ရက်နေ့ညနေတွင် မုန့်ဝယ်ရန်အတွက် နေအိမ်မှ ရွာရှေ့ရှိ ဆိုင်သို့ ထွက်သွားခဲ့သည်။ ထိုအချိန်မှစ၍ မပြန်လာတော့ပဲ ပျောက်ဆုံးခဲ့ပြီးနောက်တစ်နေ့ဖြစ်သော ဧပြီ ၂ ရက်နေ့တွင် ရွာအနောက်ဘက်ရှိ လယ်ကွင်းထဲတွင် ဓားဖြင့်ထိုးသတ်ခံထားရသည့် အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုခဲ့သည်။
သေဆုံးသူမိန်းကလေးငယ်သည် ရွှေဆွဲကြိုးနှင့် ရွှေနားကပ်များကို ဝတ်ဆင်ထားခဲ့သော်လည်း သေဆုံးနေစဉ်၌ ထိုအလိမ်အလည်များသည် မတွေ့ရှိနိုင်ခဲ့ကြောင်း၊ ထိုအလောင်းတွင် ရက်စက်စွာဖြင့် ဓားထိုးထားသော ဒဏ်ရာများပြသနာနေကြောင်းလည်း ဒေသခံများက ထပ်မံဖော်ပြခဲ့သည်။
ဤသတ်ဖြတ်မှုအပေါ် အရေးယူဆောင်ရွက်မှုအနေဖြင့် သရက်အုပ်ကျေးရွာသား ဟိဇ်ဘိုလာနှင့် အန်ဆရ်အူလာ တို့နှစ်ဦးကို အကြမ်း ဖက်ရခိုင်လက်နက်ကိုင် ULA/AA အဖွဲ့မှ ဖမ်းဆီးကာ ငါးခူးရရှိနယ်မြေရုံးတွင် လက်လှမ်းမီအရေးယူဆောင်ရွက်နေသည်ဟု သိရှိရသည်။
AR Media Group