မောင်တောမြို့ထဲက စစ်ရှောင်ရိုဟင်ဂျာတွေကို မကြာမီ နေရပ်ပြန်ခွင့်ပေးမယ့်လို့ အစည်းအဝေးအတွင်း အကြမ်းဖက် ရခိုင်က်နက်ကိုင်AA နယ်မြေမှူး ပြော

AR Media- မတ်လ ၁၃ ရက်၊ ၂၀၂၅။
အာရ်ကာန်ဒေသ၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရတဲ့ ရိုဟင်ဂျာတွေကို ဒီလ မကုန်ဆုံးမီ ရက်သတ္တပတ် ၁/၂ ပတ်အတွင်း မြို့ထဲသို့ ဝင်ခွင့်ပေးမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ယနေ့ အစည်းအဝေး ကျင်းပရာတွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA/ULA နယ် မြေမှူး တစ်ဦးက ပြောသွားခဲ့တယ်လို့ သိရှိရပါ တယ်၊ ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ၄ မိုင်ရပ်ကွက်နဲ့ ရပ်ကွက်(၃) အပိုင် အောင်မဂ်လားရွာ( ရှူန်ဒေါ်ရီဖာရာ)က စစ်ဘေးရှောင် ရိုဟင်ဂျာတွေ မိမိနေရပ် မိမိနေအိမ်ကို ပြန်ခွင့်ရနေပါပြီလို့ ဒေသခံရိုဟင်ဂျာတွေထံမှသိရှိရပါတယ်။
မောင်တောမြောက်ပိုင်းက လှဖိုးခေါင်ကယ်ဆယ်ရေးစခန်းမှာ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ဒီမနက်ပိုင်းတွင် အစည်းအဝေး ခေါ်ပြီး မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း မြို့ထဲ နေရပ်စွန့်ခွာရတဲ့ ကညင်တန်း၊ မောင်နီရပ်ကွက်နဲ့ အမှတ် (၁၊ ၂၊ ၄) ရပ်ကွက်တို့က ဒေသခံရိုဟင်ဂျာစစ်ဘေးရှောင်တွေအား အကြမ်းဖက် ရခိုင်လက်နက် ကိုင် AA အထက်အမိန့်အရ ဒီလ မကုန်ဆုံးမီ ရက်သတ္တပတ် ၁/၂ ပတ်အတွင်း မိမိနေရပ် မိမိနေအိမ် မြို့ထဲသို့ ဝင်ခွင့်ပြုမယ်လို့ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA နယ်မြေမှူးက အစည်းအဝေးအတွင်း ပြောဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အစည်းအဝေး တက်ရောက်သူတစ်ဦးက AR Media ပြောပြပါတယ်။