မောင်တောတွင် လှဘော်ဇား-ကျောက်လှေကား ဆက်သွယ်ထားတဲ့ လမ်းကို ဖွင့်ပေးပြီး ၂၄ နာရီအတွင်း အကြမ်းဖက် AA က ပြန်ပိတ်ပင်လိုက်

AR Media မတ်လ ၁၁ ရက်၊ ၂၀၂၅။

အာရ်ကာန်ဒေသ၊ မောင်တောမြို့နယ်တွင် ၇ လကျော်ကျော် ပိတ်ထားတဲ့ လှဘော်ဇား-ကျောက်လှေကား ဆက်သွယ်ထားတဲ့ လမ်းကို ဖွင့်ပေးပြီး ၂၄ နာရီအတွင်း အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ပြန်ပိတ်ပင်လိုက်ပြီလို့ သတင်းရရှိပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ရွှေဇားကျေးရွာကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က သိမ်းပိုက်ပြီးနောက် လှဘော်ဇားနဲ့ ကျောက်လှေကားကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းကို အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ပိတ်ပင်လိုက်တာပါ။ ခုနှစ်လကျော်ကျော် ပိတ်ပင်ခံရပြီးနောက် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့တွင် အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က အဲ့လမ်းကို ဖွင့်ပေးပြီး ၂၄ နာရီအတွင်း ပြန်ပိတ်ပင်လိုက်ပါပြီ။ အကြောင်းရင်းကတော့ ယခင်
စစ်ကောင်စီ နယ်မြေ ၆ ( ယခု အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA နယ်မြေ ၄) ရဲ့ အနောက်ဖက်တွင် ကပ်လျက်ရှိနေတဲ့ ပုဇွန်ကန်ကို ကူးတို့ဆိပ်အဖြစ် အသုံးပြုပြီး အမြတ်ထုတ်နေပါတယ်။ အကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က လှဘော်ဇား-ကျောက်လှေကား ဆက်သွယ်ထားတဲ့ လမ်းကို ပိတ်ပင်လိုက်တာနဲ့ လူတွေက သွားလာနေ ကြဖို့ မော်လဝီ မောဂ်ဆောဒ် ဦးဆောင်တဲ့အဖွဲ့က ဒီပုဇွန်ကန်ကို ကူးတို့ဆိပ်အဖြစ် သုံးပြီး အကျိုးခံစားခွင့် အမြတ်ထုတ်နေတဲ့အတွက်လှဘော်ဇား-ကျောက်လှေကားလမ်းကို ဖွင့်ပေးပြီး ၂၄ နာရီအတွင်း သူတွေ အကျိုးစီးပွားအတွက် ပြန်ပိတ်ခိုင်းလိုက်တာပါ။

ခုတော့ ကူးတို့ဆိပ်အဖြစ် အသုံးပြုနေတဲ့ ပုဇွန်ကန်ကို သိန်း ၁၅၀ ကျပ်နဲ့ လေးလံနေပါတယ်။ အဲ့ဒီလမ်းကို ပြန်ဖွင့်ရင် အဲ့ဒီ ကူးတို့ဆိပ်ကို ဘယ်သူ့မှ အငှားယူမှာ မဟုတ်ဘူး။ အလကား ဖြစ်သွားနိုင်ပါတယ်။တန်ဖိုးမဲ့ ဖြစ်သွားနိုင်မှာကို စိုးလို့ လှဘော်ဇား-ကျောက်လှေကား လမ်းကို ပြန်ပိတ်ခိုင်းလိုက်တာပါ” လို့ ဒေသခံတွေက AR Media ကို ဆိုကြပါတယ်။

ရွှေဇား-လှဘော်ဇား-ပြင်ဖြူ-ကျောက်လှေကား ကားလမ်းကို ဖွင့်ပြီးသား ရှိပေမယ့် ကညင်တော( ဘောယ်လားဖာရာ) ရွာသား တစ်ယောက် ကျောက်လှေကားစျေးမှ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ဖို့ လာရင် သုံးဘီးဆိုက်ကယ်ခအတွက် အသွားအပြန် ၁၂၀၀၀ ကျပ် ကုန်ကျတယ်။ လမ်းလျှောက်လာရင် အနည်းဆုံး ၂ နာရီလောက်ကြာတယ်။ အရမ်း ပင်ပန်းတယ်။ ပစ္စည်းတွေ သယ်ယူသွားဖို့ အင်မတန် ခက်ခဲနေပါတယ်။လှဘော်ဇား-ကျောက်လှေကားလမ်းကနေသွားလာနေရင် ၂၀/၂၅ မိနစ်လောက် ကြာတယ်။ အချိန်လည်း သက်သာတယ်။ စားသောက်ကုန်ပစ္စည်းတွေလည်း သယ်ယူသွားလို့ ရပါတယ်။ အဲ့လမ်းကို ပိတ်လိုက်လို့ ပြည်သူတွေ အလွန်ပင် ဒုက္ခခံစားနေရပါတယ်။

သွားလာရေးအတွက် အင်မတန် အခက်အခဲ ကြုံနေရတဲ့ အတွက် အကြမ်းဖက် ရခိုင်လက်နက်ကိုင် ULA/AA အကြီးအကဲတွေက တရားဥပဒေစိုးမိုးရေးကို ရှေးရှူပြီး ပြည်သူတွေအပေါ် ကြင်နာစိတ်နဲ့ ကြည့်ရှူပြီး ပြည်သူတွေအတွက် သွားလာရေး လွယ်ကူစွာ အဆင်ပြေမယ့် လမ်းကိုပြန်ဖွင့်ပေးစေလိုပါကြောင်း ဒေသခံတွေက လိုလားတောင်းဆိုနေတယ် လို့ လှဘော်ဇား ရွာသားတစ်ဦးက AR Media ကို ပြောပြပါတယ်။

AR Media Group

Leave a Reply

Your email address will not be published. Required fields are marked *