မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီကြီးမှ ငလျင်ကြောင့် အနည်းဆုံး အိစ္စလာမ်ဘာသာဝင် ၂၀ ဦး သေဆုံး

AR Media Group – မတ်လ ၂၉ ရက်၊ ၂၀၂၅။
မန္တလေးမြို့ရှိ ရွှေဘုန်းရှိန်ဗလီတွင် ယမန်နေ့ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီပြိုကျသွားပြီး အနည်းဆုံး လူ ၂၀ ဦး ထက်မနည်းသေဆုံးသွားကြောင်း ယင်းဗလီပြိုကျမှုအတွက် ကယ်ဆယ်ရေး ကူညီနေသူတချို့က အေအာရ်မေဒီယာ သတင်းဌာနထံသို့ ပြောဆိုသည်။
“ဝတ်ပြုနေတဲ့အချိန် ပြိုကျသွားတာပါ။ ဗလီအဆောင် ၃ ခုလောက် ပြိုကျသွားတာ။ ပိတ်မိနေတာတွေရှိတော့ အခုတော့ ၂၀ ဦးထက် မနည်းသေသွားပါပြီ။ သေတဲ့အရေအတွက်ကတော့ များနိုင်တယ်။ ရွှေဘုန်းရှိန် ဗလီ ကတော့ ပြိုကျသွားပြီ” ဟု ဗလီပြိုကျမှုအတွက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူက ရှင်းပြသည်။
ဗလီအပျက်အစီးများအောက်တွင် ပိတ်မိနေသူများရှိနိုင်ပြီး လက်ရှိ နီးစပ်ရာ အချင်းချင်းသာ ကယ်ဆယ်ရေး လုပ်နေရသည့်အခြေအနေ ဖြစ်ကြောင်း သိရှိရသည်။
AR Media Group News