ဘူးသီးတောင်မှ ရိုဟင်ဂျာတွေ တယ်လီဖုန်းနဲ့ဘဂ်လားဆင်းကတ်တွေ အသုံးပြုမှုကို ထပ်မံပိတ်ပင်ခံရတဲ့အပြင်အကြမ်းဖက် AA အတွက် လုပ်အားပေး နာမည်နဲ့ အတင်းပေါ်တာဆွဲခံနေရ

AR Media- မတ် ၁၀ ရက်၊ ၂၀၂၅။
အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA/ULA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအတွက်သာ ဒီရက်ပိုင်းအတွင်း အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA/ULA က တင်းကျပ်တဲ့ အမိန့်ထုတ်ပြန်ပြီး တယ်လီဖုန်းနဲ့ ဘဂ်လားဆင်းကတ်တွေ ကိုင်ဆောင်ထားသူတွေအားလုံးဝ(လုံးဝ) ပိတ်ပင်ပြီးဖြစ်ကြောင်း အသုံးပြုနေတာကို တွေ ပါက ပြင်းထန်စွာ အရေးယူမယ်၊ သတ်ဖြတ်မယ်၊ မိသားစုဝင်တွေကိုတော့ထောင်ချလိုက်မယ်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုလိုက်တဲ့အပြင် ရိုဟင်ဂျာတွေ တစ်အိမ်တစ်ယောက်နှုန်းဖြင့် လုပ်အားပေးနာမည်နဲ့ အတင်းပေါ်တာဆွဲနေရတယ်လို့ သတင်းရင်းမြစ်အရ သိရှိရပါတယ်။
ပြီးခဲ့တဲ့ အပတ်ခဲ့ကပင် ဘူးသီးတောင်မြို့နယ်အတွင်း ဖုံညိုလိပ်ကျေးရွာအုပ်စု အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာတွေကိုအကြမ်းဖက် ရခိုင်လက်နက်ကိုင် AA က ရောက်လာခဲ့ပြီး ရိုဟင်ဂျာကျေးရွာသား အားလုံးကို နေရာတစ်နေရာတွင် စုရုံးစေပြီး ဆက်သွယ်ရေးပစ္စည်းတွေ အားလုံးကို စွန့်လွှတ်ရန် အမိန့်ပေးခဲ့တယ်။ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး အချို့နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကဒ်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ပေမယ့် အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA ဘက်က ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် ဆင်းကဒ်သုံးစွဲမှု ပိတ်ပင်ထားပြီး စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်မယ်၊
သတ်ဖြတ်မယ်လို့ ဒေသန္တရအမိန့်ထုတ်ထားပြီး ခြိမ်းခြောက်လိုက်တာနဲ့ ရိုဟင်ဂျာတွေက အသုံးပြုဖို့ ကြောက်လန့်စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ် ” လို့ ဖုံညိုလိပ်ရွားသားတစ်ဦးက AR Media ကို ပြောကြားခဲ့တယ်။
အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ရိုဟင်ဂျာကျေးရွာတွေမှ ရိုဟင်ဂျာရွာတွေအား တစ်အိမ်တစ်ယောက်နှုန်းဖြင့် နေစဥ်ရက်ဆက် လုပ်အားပေးနာမည်နဲ့ အတင်းပေါ်တာဆွဲနေရတယ်။တော်လှန်ရေးကာလမှာ အခြေခံစားသောက်ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေချိန်တွင် လူတွေမှာ အလုပ်အကိုင် မရှိ၊ ပြင်ပဝင်ငွေလည်းမရှိလို့ စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ အကြမ်းဖက်ရခိုင်လက်နက်ကိုင် AA က ရိုဟင်ဂျာတွေကို တစ်အိမ်တစ်ယောက်နှုန်းဖြင့် နေ့စဥ်လိုလို လုပ်အားပေးနာမည်နဲ့ အတင်းပေါ်တာဆွဲနေတာကို သုံသပ်ပြောမယ့် ဆိုရင် အခွင့်အရေးကို ပေါ်ပေါ်တင်တင် ကျူးလွန်နေတာဖြစ်ပါတယ်လို့ရိုဟင်ဂျာအသိုင်းအဝိုင်းက AR Media ကို ဆိုကြပါတယ်။
ထို့အပြင် ဘူးသီးတောင်တောင်ပိုင်းက ရိုဟင်ဂျာကျေးရွာတွေမှာ နဂိုအတိုင်းရှိတဲ့ လမ်းတွေကို တိုးချဲ့ဆောက်ရန် ဆိုပြီး အိမ်ခြေပိုင် မြေဧရိယာတွေကို ဘေးဖယ်ထားရတဲ့အပြင် အကြောင်းအမျိုးမျိး စွပ်စွဲကာ ရိုဟင်ဂျာလူငယ်တွေကို ဥပဒေမဲ့ ဖမ်းဆီးမှုတွေလုပ်နေတယ်၊ အဓိက ရိုဟင်ဂျာပညာတတ်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးမှုတွေ လုပ်နေတဲ့အတွက် ရိုဟင်ဂျာပညာတတ်တွေက ဘယ်နေ့ဘယ်ချိန်မှာ ဖမ်းဆီးခံရမယ်လဲ ဘယ်သူ့မှ မသိသေးပါဘူး ဆိုကာ မျက်ရည်ကျကျ စိုးရိမ်စိတ်ဖြင့် ရိုဟင်ဂျာလူငယ်တစ်ဦးကAR Media နဲ့ ဆက်သွယ်လာ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်း ရိုဟင်ဂျာအသိုင်းအဝိုင်းအနေနဲ့ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတဲ့အတွက် ဆက်စပ်ပတ်သက်မှု တွေကို သတင်းအမှောင်ချထားခံနေရပြီး သူတို့ရဲ့ အခြေအနေတွေကို ပြောပြဖို့ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ကာ အခြေအနေနဲ့ သတင်းတွေကို ပြောပြနေရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
AR Media Dail yNews