ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့၏ အကြီးအကဲ ဒေါက်တာအီနူစ်ရဲ့တရုတ်ပြည် ခရီးစဉ် စတင်။

AR Media Group ၊ မတ်လ ၂၈ ရက် ၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ အကြီးအကဲ ဒေါက်တာအီနူစ်ရဲ့ တရုတ်ပြည် ခရီးစဉ်ကို မတ်လ ၂၆ ရက်နေ့ ဘင်္ဂလားဒေ့ရှ်စံတော်ချိန် မွန်းလွဲ ၁:၀၀ ဝန်းကျင်တွင် China Southern လေကြောင်းလိုင်း အထူးလေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ အစိုးရရုံးက ထုတ်ပြန်ထားပါတယ်။
ဒေါက်တာအီနူစ်ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ ၄ ရက်တာ ကြာမြင့်မှာဖြစ်ပြီး၊ တရုတ်သမ္မတ ရှိဂျင်ပျန် နှင့် လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ ပြောခွင့်ရသူက သတင်းဌာနတွေကို ပြောပါတယ်။
ဒေါက်တာအီနူစ်ရဲ့ တရုတ်ပြည်ခရီးစဉ်က ရိုဟင်ဂျာနေရပ်ပြန်ရေးနဲ့ ဘင်္ဂလား – ရခိုင်နယ်စပ်အရေးပါ ပါဝင် ဆွေးနွေးဖွယ်ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
AR Media Group News