ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ အမေရိကန်အစိုးရကို မူဆလင်လူ.အခွင့်အရေးအဖွဲ့က တရားစွဲဆို

လာမည့် အစ္စရေးနှင့် ဥရောပသမဂ္ဂ မိတ်ဖက်ကောင်စီ အစည်းအဝေး မတိုင်မီ ဥရောပသမဂ္ဂမှ ဝေဖန်မှုများ ခံနေရပြီး ဆွေးနွေးပွဲများကို ဆိုင်းငံ့ထားရန်နှင့် အစ္စရေး တာဝန်ရှိသူများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ဝေဖန်ရေးသမားများက တိုက်တွန်းထားသည်။

ပါရီအခြေစိုက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ Alexis Deswaef က ဂါဇာကမ်းမြောင်နှင့် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းကို အစ္စရေး၏ တုံ့ပြန်မှုအပေါ် အီးယူက တာဝန်ယူရန် လိုအပ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဖြစ်နိုင်ချေရှိတဲ့ အချက်ပေးသံတွေအားလုံး မြည်နေပေမယ့် အီးယူက အစ္စရေးမှာ ဘာမှမဖြစ်ဘူးဆိုပြီး မျက်ကွယ်ပြုထားပါတယ်။ ကမ္ဘာပေါ်ရှိ ရိုးသားတဲ့ ရှေ့နေတိုင်းက ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ အတည်ပြုပါလိမ့်မယ်” ဟု Deswaef က ပြောကြားခဲ့သည်။

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အစ္စရေး၏ ဆက်လက်တိုးချဲ့နေရာယူမှုနှင့် နယ်မြေတစ်ခုလုံးသိမ်းပိုက်နိုင်ရေး ကြိုးပမ်းမှုများကို Trump အုပ်ချုပ်ရေး၏ ထောက်ခံမှုများကို ရှုတ်ချခဲ့သည်။ အစ္စရေးအာဏာပိုင်များနှင့် အီးယူ၏ ဆက်လက်ထိတွေ့ဆက်ဆံမှုသည် ၎င်းတို့၏ယုံကြည်စိတ်ချမှုကို ပျက်ပြားစေကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။

Deswaef က လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို လိုက်နာရန် လိုအပ်သည့် EU-Israel Partnership Agreement ၏ အပိုဒ် ၂ ကို ထောက်ပြခဲ့ပြီး အဆိုပါမူများကို ကျင့်သုံးရန်နှင့် အစ္စရေးအ‌ပေါ် ၎င်း၏ ပူးပေါင်ပါဝင်ဆောင်ရွက်နေမှုများကို ပြန်လည်စဉ်းစားရန် EU ကို တိုက်တွန်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *